ထိုင်းလူမှောင်ခိုကို ထောင် ၃၅ နှစ်ချ

  • 1 စက်တင်ဘာ 2016
thai rohingya ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမှောင်ခို ကူး

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က လူတရာနီးပါးကို ခေါ်လာတုန်း ဖမ်းမိခဲ့တဲ့ လူမှောင်ခိုသမား တယောက်ကို ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်ပါတယ်။

အဲဒီလူတွေထဲမှာ ၄ဝ ကျော်က အသက် ၁၄ နှစ်အောက် ကလေးတွေ ဖြစ်ကြပါတယ်။

Sunand Saengthong ဆိုသူဟာ နှိပ်ကွပ်မှုတွေကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့ကနေ ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမှောင်ခို ကူးခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ ရဲ့ အလောင်းတွေ အပါအဝင် အစုလိုက် အပြုံလိုက် အလောင်းတွေ မြှုပ်ထားတာ တွေ့ခဲ့ရပြီးနောက် ထိုင်း စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ