ဗင်နီဇွဲလားမှာ အစိုးရ ဆန့်ကျင်သူတွေ နဲ့ ထောက်ခံသူတွေ အပြိုင် ဆန္ဒပြ

  • 1 စက်တင်ဘာ 2016
venezuela_protest_
Image caption ဗင်နီဇွဲလားမှာ စီးပွားရေး အကြပ်အတည်း ဆိုက်ရောက်နေ။

ဗင်နီဇွဲလား နိုင်ငံမြို့တော် ကာရာကပ်စ် ရဲ့ လမ်းတွေပေါ် အစိုးရကို ထောက်ခံ ကြသူတွေ ရော၊ ဆန့်ကျင် ကြသူတွေ ပါ လူတွေ သိန်းနဲ့ ချီ စုရုံးပြီး အပြိုင် ဆန္ဒပြ ခဲ့ကြပါတယ်။

အစိုးရကို ဆန့်ကျင်သူတွေ က ဗင်နီဇွဲလား နိုင်ငံ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ စီးပွားရေး အကြပ်အတည်းတွေ အတွက် သမ္မတ နီကိုးလပ်စ် မာဒူရိုမှာ တာဝန် ရှိတယ် ဆိုပြီး နှုတ်ထွက် ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

မစ္စတာ မာဒူရို အပေါ် ထောက်ခံ ကြောင်း ပြသဖို့ လမ်းပေါ် ထွက်လာ သူတွေလည်း အရေအတွက် အတော် များများ ရှိပါတယ်။

မစ္စတာ မာဒူရို လက်ရှိ ဦးဆောင်တဲ့ ဆိုရှယ်လစ် ပါတီဟာ ဗင်နီဇွဲလားမှာ အာဏာရယူ ထားတာ ၁၇ နှစ်တာ ကြာမြင့် နေပြီ ဖြစ်ပါတယ်။

စက်တာဘာ ၁ ရက် ကြာသပတေးနေ့ ဆန္ဒပြပွဲတွေ မတိုင်ခင် အတိုက်အခံ နိုင်ငံရေးသမား တချိုး ဖမ်းဆီး ထိန်းသိမ်း ခံထားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ