ဟာရီကိန်း ဟာမင်းကြောင့် ဖလော်ရီဒါ အထိနာ

  • 2 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP

အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ကို ၁၁ နှစ်အတွင်း ပထမဆုံး အကြိမ် ဟာရီကိန်း မုန်တိုင်း တစ်ခု ဝင်ရောက် တိုက်ခတ် သွားခဲ့တဲ့အတွက် ဧရိယာ တချို့မှာ အပျက်အစီး များပြား ခဲ့ပါတယ်။

ဟာမင်း လို့ခေါ်တဲ့ ဟာရီကိန်း မုန်တိုင်းဟာ တစ်နာရီ ကီလိုမီတာ ၁၃၀ နှုန်းနဲ့ တိုက်ခတ် သွားခဲ့ပြီးနောက် အခုတော့ အပူပိုင်း မုန်တိုင်းအဖြစ် အားပျော့ သွားပြီး ကုန်းတွင်းဘက်ကို ဆက်လက် ရွေ့လျား သွားပါတယ်။

ဖလော်ရီဒါ ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာထားရပြီး မုန်တိုင်းကြောင့် နေရာ အနှံ့အပြား ရေလွှမ်းနေကာ ထောင်သောင်းချီတဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။

အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ခြောက်ထောင်လောက်နဲ့ မုန်တိုင်းအလွန် အပျက်အစီး ရှင်းလင်းမှုတွေ လုပ်ဖို့ ပြင်ဆင် နေပါတယ်။

အပူပိုင်း မုန်တိုင်း ဟာမင်းဟာ အခုတော့ ဂျော်ဂျီယာ ပြည်နယ်ထဲကို ဝင်ရောက် နေပြီး ကာရိုလိုင်းနား ပြည်နယ်ဘက်ကို ဦးတည် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ