ကလင်တန် အီးမေးလ် သုံးမှု အစီရင်ခံစာ FBI ထုတ်ပြန်

  • 3 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption လျို့ဝှက် အီးမေးလ် တွေကို ကိုင်တွယ် ထိန်းသိမ်းဖို့ အတွက် ဟီလာရီ ကလင်တန် အနေနဲ့ တစုံတရာ လေ့ကျင့် သင်ကြား ထားခြင်းမျိုး မရှိခဲ့ဘူးလို့ ဆို

အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် က ကိုယ်ပိုင် အီးမေးလ် အသုံးပြုမှု နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှု အသေးစိတ် အစီရင်ခံစာကို အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI ထုတ်ပြန် လိုက်ပါတယ်။

စာမျက်နှာ ၅၈ မျက်နှာ ရှိတဲ့ အစီရင်ခံစာထဲမှာ ဟီလာရီ ကလင်တန် ကို FBI က အသေးစိတ် မေးမြန်း စစ်ဆေးမှု တွေကို ဖော်ပြထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်စဉ် နယူးယောက်မြို့မှာ ရှိတဲ့ နေအိမ်ကနေ ကိုယ်ပိုင် ဆာဗာ အသုံးပြုကာ ဌာနဆိုင်ရာ ထိပ်တန်း လျို့ဝှက် သတင်းတွေ အီးမေးလ် တွေ ပေးပို့ ခဲ့တာပါ။

အဲဒီ အစီရင် ခံစာထဲမှာ အရေးကြီးတဲ့ လျို့ဝှက် အီးမေးလ် တွေကို ကိုင်တွယ် ထိန်းသိမ်းဖို့ အတွက် ဟီလာရီ ကလင်တန် အနေနဲ့ တစုံတရာ လေ့ကျင့် သင်ကြား ထားခြင်းမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ကိုယ်ပိုင် အီးမေးလ် အသုံးပြု ခဲ့တဲ့ အပေါ်မှာ နောင်တ ရမိကြောင်း ဟီလာရီ ကလင်တန် က FBI ကို ပြောကြားခဲ့ ပါတယ်။ ဒါကလည်း ဥပဒေ ကို လက်တလုံးခြား လုပ်တာ မဟုတ်ဘူးလို့ ဝန်ခံ ကြောင်း အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လမှာ အဆုံးသတ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှု အပြီးသတ် ဆုံးဖြတ်ချက် အနေနဲ့ ဟီလာရီ ကလင်တန် နဲ့ သူ့ ရုံး အဖွဲ့ဝင်တွေဟာ ဂရုစိုက်မှု အလွန်အမင်းနည်းပါး ခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး ရာဇဝတ်မှု နဲ့ အရေးယူဖို့ FBI က အကြံပေး ခြင်းတော့ မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ