ဥဇဘက် သမ္မတ သေဆုံးပြီလို့ တူရကီ ပြော

  • 2 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဥဇဘက် နိုင်ငံကို ၁၉၈၉ ခုနှစ်ကတည်းက မစ္စတာ ကာရီမော့ဗ် အုပ်ချုပ်ခဲ့။

ဥဇဘက် ကစ္စတန် အစိုးရက တရားဝင် အတည်ပြုချက် ထုတ်ပြန်တာ မရှိသေးပေမယ့် ဥဇဘက် နိုင်ငံရဲ့ သမ္မတ ဖြစ်သူ အစ္စလာမ် ကာရီမော့ဗ် သေဆုံးသွားပြီလို့ တူရကီ အစိုးရက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် မစ္စတာ ကာရီမော့ဗ်ကို ဦးနှောက် သွေးလွန်တဲ့ ရောဂါကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ဆေးရုံ တင်ခဲ့တာပါ။ ဥဇဘက် အစိုးရကတော့ မစ္စတာ ကာရီမော့ဗ် အသည်းအသန် နာမကျန်း ဖြစ်နေတယ် လို့သာ ပြောခဲ့ပါတယ်။

မစ္စတာ ကာရီမော့ဗ် သေဆုံးသွားပြီလို့ တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယီလ်ဒီရင်က ဒီကနေ့ သောကြာနေ့မှာ ရုပ်သံ စည်းဝေးပွဲ တစ်ခုမှာ ပြောခဲ့တာပါ။

မစ္စတာ ကာရီမော့ဗ်ဟာ ဥဇဘက် ကစ္စတန် နိုင်ငံကို ၁၉၈၉ ခုနှစ် ကတည်းက အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

သူ့နိုင်ငံမှာ တရားဝင် အတိုက်အခံ နိုင်ငံရေး ပါတီ မရှိသလို မီဒီယာကိုလည်း အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားပြီး၊ သူ့နေရာ ဘယ်သူ ဆက်ခံမယ် ဆိုတာ မရှင်းလင်းသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ