ဆီးရီးယား ထဲကို တူရကီ တင့်ကားတွေ စေလွှတ်

  • 4 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption IS အဖွဲ့ကို ၂ နိုင်ငံ နယ်စပ် အနီး ကနေ တိုက်ထုတ် ပစ် နိုင်ဖို့ မျှော်မှန်း နေ

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း က IS အဖွဲ့ကို တိုက်ခိုက်ဖို့ အတွက် တူရကီ က တင့်ကား တိုက်ခိုက်ရေး ယာဉ်တွေ တိုးမြှင့် စေလွှတ် ခဲ့ပါတယ်။

တူရကီ သတင်းဌာနတွေမှာတော့ ပစ်ခတ်တိုက်ခိုက်မှု အသံတွေ ကြားခဲ့ရတယ်လို့ သတင်းပေးပို့ နေပြီး ဒေသခံတွေကိုလည်း ပြောင်းရွှေ့ ပေးနေတယ်လို့ ပြောပါတယ်။

တူရကီ နယ်စပ် ဆီးရီးယား နိုင်ငံထဲက ကျေးရွာ ၁၀ ရွာ ကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ရဲ့ လက်ထဲကနေ သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆီးရီးယား လွတ်မြောက်ရေး သူပုန်အဖွဲ့က ပြောပါတယ်။

IS ထိန်းချုပ်ထားတဲ့ အယ်လ် ရိုင်း ဒေသ ကို တူရကီ စစ်တပ်က တင့်ကား တွေ ရဲ့ ပစ်ကူ ပေးမှု နဲ့ အတူ ဆီးရီးယား လွတ်မြောက်ရေး သူပုန် အဖွဲ့ တွေက ပြန်လည် သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

တူရကီ စစ်တပ်က ဆီးရီးယား လွတ်မြောက်ရေး သူပုန် အဖွဲ့ ကို အကူအညီ ပေးပြီး IS အဖွဲ့ကို ၂ နိုင်ငံ နယ်စပ် အနီး ကနေ တိုက်ထုတ် ပစ် နိုင်ဖို့ မျှော်မှန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ