ပဲရစ်သဘောတူညီချက် ကန်နဲ့တရုတ် အတည်ပြုမှု ကုလကြိုဆို

  • 4 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption စက်မှု အင်အာကြီး နိုင်ငံ ၂၀ ရဲ့ထိပ်သီး အစည်းအဝေး မတိုင်ခင် တရုတ် နဲ့ အမေရိကန် ခေါင်းဆောင် တွေက ပဲရစ် သဘောတူညီချက် နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ဖို့ အသီးသီး ထုတ်ဖော်

ရာသီ ဥတု ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ပဲရစ် ညီလာခံက သဘောတူ ချမှတ် ခဲ့တာတွေကို လိုက်နာ ဖို့ အတည်ပြု ခဲ့ကြတဲ့ တရုတ် နဲ့ အမေရိကန် နှစ်နိုင်ငံ ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း က တရုတ် နဲ့ အမေရိကန် တို့ရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု က အခရာကျတယ်လို့ ပြော ပါတယ်။

ကမ္ဘာ့ ရာသီ ဥတု ပြုပြင် ပြောင်းလဲမှု ထိန်းသိမ်းရေးမှာ အမေရိကန် သမ္မတ အိုဘားမား နဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ဟာ ရည်မှန်းချက် ကြီးမားပြီး အမျှော်အမြင်နဲ့ ပြည့်စုံ တဲ့ နိုင်ငံ ခေါင်းဆောင် တွေ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း က ပြောခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် စက်မှု အင်အာကြီး နိုင်ငံ ၂၀ ရဲ့ထိပ်သီး အစည်းအဝေး မတိုင်ခင် တရုတ် နဲ့ အမေရိကန် ခေါင်းဆောင် တွေက ပဲရစ် သဘောတူညီချက် နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ဖို့ အသီးသီး ထုတ်ဖော် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ တရုတ် နိုင်ငံတို့ရဲ့ ဂရင်း ဟောက်စ် ဓါတ်ငွေ့ လို့ ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ဓါတ်ငွေ့ ထုတ်လွတ်မှုက တကမ္ဘာလုံး ရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ဓါတ်ငွေ့ ထုတ်လွတ်မှု မြင့်မားတဲ့ နောက်ထပ် နိုင်ငံ ၅၅ က ပဲရစ်စာချုပ် နဲ့ ပတ်သက်လို့ အတည်ပြုမှသာ စာချုပ်ပါ အချက်အလက်တွေ စတင် သက်ဝင် မှာ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ အဖွဲ့ကြီးကတော့ ကာဗွန် ထုတ်လွှတ်မှု မြင့်မား တဲ့ နိုင်ငံ တွေ အနေနဲ့ အမေရိကန် နဲ့ တရုတ် နိုင်ငံတို့ လိုပဲ ပဲရစ် သဘောတူညီချက် တွေကို လိုက်နာ ဆောင်ရွက်လာမယ်လို့ မျှော်လင့်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ