ဝန်ကြီးချုပ် မာ့ခဲလ်ရဲ့ ပါတီ ဒေသန္တရ ရွေးကောက်ပွဲမှာ အခြေအနေ မကောင်းဖြစ်နေ

  • 4 စက်တင်ဘာ 2016
germany_afd
Image caption လူဝင်မှု ဆန့်ကျင်ရေး AFD ပါတီက ဝန်ကြီးချုပ် မာ့ခဲလ် ပါတီထက် မဲပိုရ။

ဂျာမနီ နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် Mecklenburg-Western Pomerania မှာ ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲ တွေ အတွင်း ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် ဦးဆောင်တဲ့ အာဏာရ ခရစ်ယာန် ဒီမိုကရက်တစ် သမဂ္ဂ CDU ပါတီ အထိနာ သွားနိုင်တယ် လို့ မဲထည့် ခဲ့သူတွေကို ကောက်ခံကြည့်တဲ့ စစ်တမ်း တွေက ပြသ နေပါတယ်။

စစ်တမ်းတွေ အရ ဗဟို လက်ဝဲ ပါတီ SDP က ထိပ်က ဦးဆောင် နေပြီး၊ ဝန်ကြီးချုပ် မာ့ခဲလ် ရဲ့ ပါတီဟာ ဒုတိယ နေရာ မှာတောင် မရှိပဲ လူဝင်မှု ဆန့်ကျင်ရေး ပါတီ ဖြစ်တဲ့ AFD ရဲ့ နောက်၊ တတိယ နေရာကို ရောက် နေပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလ အတွင်း စစ်ဘေး ဒုက္ခသည် တစ်သန်းကျော်ကို ပြည်ဝင်ခွင့် ပြုခဲ့တဲ့ နောက် မစ္စစ် မာ့ခဲလ် အပေါ် လူကြိုက်များမှု ကျဆင်း လာပါတယ်။

ဒီ အခြေအနေကို နိုင်ငံခြားသား မုန်းတီး ဆန့်ကျင်ရေး ပါတီ က အခွင့်ကောင်း အရယူ လာ နိုင် တာ ဖြစ်ပါတယ်။

လာမယ့် နှစ် အထွေထွေ ရွေးကောက်ပွဲ မှာ ဝန်ကြီးချုပ် မာ့ခဲလ် နိုင်နိုင်ခြေ ဘယ်လောက် ရှိသလဲ ဆိုတာကို အခု ရွေးကောက်ပွဲ က စမ်းသပ် တာပဲလို့ ယူဆ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ