အလက်ပ်ပိုမှာ သူပုန် ထိန်းချုပ်မြေတွေကို အစိုးရတပ်တွေ အပြင်းအထန် ထိုးစစ်ဆင်

  • 4 စက်တင်ဘာ 2016
aleppo_
Image caption အလက်ပ်ပိုမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်။

ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့ က လာတဲ့ သတင်းတွေ အရ သူပုန် တွေ ထိန်းချုပ် ထားရာ အရှေ့ဘက်ခြမ်း နယ်မြေ တွေကို အစိုးရ တပ်တွေက အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရမူးဆား ဆိုတဲ့ အရပ်ရဲ့ အစိတ်အပိုင်း တော်တော်များများကို အစိုးရတပ် တွေ ပြန်လည် သိမ်း လိုက် နိုင်တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား နေသူ တွေက ပြောပါတယ်။

အဲဒီ့ ဆင်ခြေဖုံး အရပ်ကို ပြီးခဲ့တဲ့ လ တုန်းကပဲ သူပုန် တပ်ပေါင်းစုက သိမ်း ခဲ့တာပါ။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှားကြား အဆုံးသတ် သဘောတူမှု မရရှိ နိုင်ခဲ့ကြတဲ့ နောက် အလက်ပ်ပို အပါအဝင် ဆီးရီးယား နိုင်ငံထဲ အပစ်ရပ်ကြဖို့ သံတမန်ရေး ဆောင်ရွက် ချက်တွေ မအောင်မမြင် ဖြစ်ခဲ့ ရပါတယ်။

တခါ၊ တူရကီ စစ်တပ်က ကျောထောက် နောက်ခံ ပေးနေတဲ့ ဆီးရီးယား သူပုန် အဖွဲ့တွေ ဟာ တူရကီ နိုင်ငံ တောင်ပိုင်း ဆီးရီးယားနဲ့ နယ်စပ် တလျှောက် ဒေသတွေ ကနေ အကြမ်းဖက် အဖွဲ့တွေကို တိုက်ထုတ် နိုင်ခဲ့တယ်လို့ တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယီလ်ဒရင်မ် က ပြောပါတယ်။

ဆီးရီးယား မြောက်ပိုင်းမှာ ဘယ်လို ပုံစံမျိုးနဲ့မှ နိုင်ငံ အတု တစ်ခု ပေါ်ပေါက် လာတာမျိုးကို တူရကီ ဘက်က လက်သင့် ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို သာမက ပဲ အမေရိကန် က ထောက်ပံ့ ကူညီ နေတဲ့ ဆီးရီးယား နိုင်ငံထဲက ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေကိုပါ တူရကီ က ရည်ရွယ်ပြီး ပြောကြား တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ