ကမ္ဘာ့စီးပွားရေး အားသစ်လောင်းဖို့ ဂျီတွမ်တိ သဘောတူ

  • 5 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ် သမ္မတ ရှီကျင်းပင်က ဂျီတွမ်တိ အစည်းအဝေး အပိတ် စကားပြော။

ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ တက်ရောက်တဲ့ ဂျီတွမ်တိ အစည်းအဝေးမှာ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ စနစ်ကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘာ့ စီးပွားရေးကို အားသစ် လောင်းနိုင်ရေး ကြိုးပမ်း သွားဖို့ နိုင်ငံကြီးတွေ သဘောတူ ခဲ့ကြပါတယ်။

တရုတ် နိုင်ငံ ဟန်ကျိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဂျီတွမ်တိ အစည်းအဝေး ပိတ်ပွဲမှာ အိမ်ရှင် တရုတ် သမ္မတ ရှီကျင်းပင်က ဂျီတွမ်တိ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကမ္ဘာ့ ကုန်သွယ်ရေး တိုးတက်အောင် တွန်းအားပေးကြဖို့ လိုတယ်လို့ ပြောသွားပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကတော့ သံမဏိလို ကုန်ကြမ်း ထုတ်လုပ်မှုတွေမှာ အလွန်အကျွံ ထုတ်လုပ်တာတွေကို ပိတ်ပင် တားမြစ်ဖို့ ဆုံးဖြတ် ထားတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲ ခရစ္စတင်းန် လာဂါဒီက ပြောရာမှာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နိမ့်ပါးနေတာ အတော်ကြာနေပြီး၊ ဂျီတွမ်တိ အဖွဲ့ဝင်တွေ အနေနဲ့ ဖွံ့ဖြိုးနှုန်း ပြန်တက်လာအောင် လုပ်ဖို့ နည်းလမ်းစုံ သုံးဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ