မသန်စွမ်း အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနား

  • 8 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် All Sport
Image caption အခက်အခဲ ပြဿနာတွေကြားကနေ မသန်စွမ်း အိုလံပစ် ပွဲတော်ကို တခမ်းတနား ဖွင့်လှစ်ခဲ့

၂၀၁၆ မသန်စွမ်း အိုလံပစ် အားကစား ပွဲတော်ကို ဘရာဇီးလ်နိုင်ငံ ရီယိုမြို့မှာ ခမ်းခမ်းနားနား ဖွင့်လှစ်လိုက်ပါတယ်။

ငွေကြေး ရံပုံငွေ အခက်အခဲ နဲ့ ပွဲလက်မှတ် အဝယ်မလိုက်တဲ့ ပြဿနာတွေကြောင့် ပွဲစီစဉ်ရာမှာ အခက်ကြုံခဲ့ရပေမယ့်လည်း မသန်စွမ်းသူတွေရဲ့ စွမ်းအားကို ထင်ဟပ်စေမယ့် ပွဲတော် ဖြစ်ရေး အတွက် အစွမ်းကုန် စီစဉ် ဆောင်ရွက်ခဲ့ကြပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံပေါင်း ၁၆၀က အားကစားသမား ၄ထောင်ကျော်လောက် ပါဝင် ချီတက်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ ရုရှား အားကစားသမားတွေ တော့ မပါပါဘူး။

အစိုးရကိုယ်တိုင် အားပေးတဲ့ တားမြစ်ဆေး သုံးစွဲမှုနဲ့ ဆက်နွယ်ပြီး ရုရှား အားကစား အသင်းတခုလုံး ပြိုင်ပွဲဝင်ခွင့် တားမြစ် ခံထားရပါတယ်။

မြန်မာနိုင်ငံကတော့ ရေကူးအတွက် အားကစားသမား တဦး၊ ပြေးခုန်ပစ်အတွက် အားကစားသမား တဦး ဝင်ပြိုင်မယ် လို့ သိရပါတယ်။