သမ္မတဖြစ်ရင် စစ်တပ်တိုးချဲ့ မယ်လို့ ဒေါ်နယ်ထရမ့်ပြော

  • 7 စက်တင်ဘာ 2016
trump_donald_640x360_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်နယ်ထရမ့် မိန့်ခွန်းပြော

ရီပတ်ဘလီကင် ပါတီ မှ ဝင်ရောက် အရွေးခံမဲ့ ဒေါ်နယ်ထရမ့် က လာမဲ့ နိုဝင်္ဘာ သမ္မတ ရွေးကောက်ပွဲ မှာ သူသာ အနိုင်ရခဲ့ရင် စစ်အင်အား တိုးချဲ့မယ့် အကြောင်း ပြောပါတယ်။

စစ်သားတွေ ပိုမို စုဆောင်းမယ်၊ စစ်လေယာဉ်တွေ စစ်သင်္ဘောတွေ နဲ့ ကမ်းတက် တပ်ဖွဲ့ဝင် တွေ လည်း အများအပြား ခန့်အပ် မယ် လို့ ပြောပါတယ်။

သမ္မတ အိမ်ဖြူတော် မှာ သမ္မတ တာဝန်ယူပြီးတာ နဲ့ တပြိုင်နက် စစ်ဗိုလ်ချုပ်ကြီးတွေ ကို ခေါ်တွေ့ပြီး ရက် ၃၀ အတွင်း မှာ IS အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ ကို အပြတ် နှိမ်နင်း ချေမှုန်းနိုင်တဲ့ စစ်ဆင်ရေး ကို ရေးဆွဲ တင်ပြ ဖို့ တောင်းဆို မှာပါ လို့ ပြောပါတယ်။

ဒီအခါမှာ တပ်ဖက်ဆိုင်ရာ စစ်ဆင်ရေး အပြင် ငွေကြေးလည်း ပုံအောပြီး ဆိုက်ဘာ စစ်ဆင်ရေး ၊ ဝါဒ သဘောတရား ရေးရာ တွေပါ ထည့်သွင်းမယ့် အကြောင်း၊ ဒီစစ်ရေး အစီအမံ တွေ ကို ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း က ပြောခဲ့ တဲ့ မိန့်ခွန်း ထဲမှာ ပါတဲ့အတိုင်း အစွန်းရောက်IS အကြမ်းဖက် အဖွဲ့ အပေါ် မှာ အနိုင် ရအောင် လုပ်မှာ ပါ လို့ပြောတာပါ။

ဒါ့အပြင် စစ်ဗိုလ်ချုပ်ကြီး တွေ အနေနဲ့ IS ကို မနှိမ်နိုင် ခြင်းဟာ လည်း စစ်ဆင်ရေး ကို နားမလည် လို့ ဖြစ်တဲ့ အကြောင်း စီဘီအက်စ် ရုပ်သံ သတင်းဌာန ကိုလည်း ပြောခဲ့ဖူး ပါတယ်။ စစ်တပ် ကို ဝေဖန် အပြီးမှာ ပြိုင်ဘက် သမ္မတလောင်း ဟီလာရီ ကလင်တန် ကိုပါ မတည်ငြိမ်သူ အဖြစ် တိုက်ခိုက် ဝေဖန် လိုက်ပါ သေးတယ်။

ဟီလာရီ ကလင်တန် ကလည်း သမ္မတ တာဝန် အပြင် စစ်ဦးစီးချုပ် တယောက် အနေနဲ့ ဘယ်သူက နိုင်ငံ နဲ့ အမေရိကန် စစ်တပ် ကို အကာအကွယ် ပေးနိုင် မလည်း ဆိုတာ ကို အမေရိကန် ပြည်သူတွေ က သဘောပေါက် တဲ့ အတွက် ဒေါ်နယ်ထရမ့် ကို ထည့်တွက်စရာ မလိုမှန်း သိကြ တဲ့ အကြောင်း ပြောပါတယ်။ အမေရိကန် စစ်တပ် အသိုင်းအဝိုင်း ကလည်း မစ္စတာ ထရမ့် ကို မကြာခဏ ဝေဖန်လေ့ ရှိ ကြ ပါတယ်။