ဇီကာ ကူးစက်သူ ကိုယ်ဝန်ဆောင်၊ မလေးရှား စတွေ့

  • 7 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကွာလာလမ်ပူ မြို့က စာသင်ကျောင်း တစ်ကျောင်းမှာ ခြင်နှိမ်နင်းရေး ဆောင်ရွက်စဉ်။

မလေးရှား နိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ယောက်ကို တွေ့ရှိခဲ့ပြီး တစ်ပတ်အကြာမှာ အခုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထဲက ဇီကာ ကူးစက်ခံရတဲ့ ပထမဆုံး တစ်ယောက်ကို တွေ့ရှိရတယ်လို့ မလေးရှား အစိုးရက အတည်ပြု ပြောဆိုပါတယ်။

အဲဒီ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဇီကာ ကူးစက်ခံရသူ နှစ်ရာ့ ငါးဆယ်ကျော် ရှိနေတဲ့ အိမ်နီးချင်း စင်ကာပူမှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။

စင်ကာပူကို မသွားကြဖို့ ပြည်သူတွေကို သတိပေးတဲ့ နိုင်ငံတွေထဲမှာ တရုတ် နိုင်ငံလည်း ဗုဒ္ဓဟူးနေ့က နောက်ဆုံး အနေနဲ့ ပါဝင် လာပါတယ်။

စင်ကာပူက ပြန်လာတဲ့ လူတွေကိုလည်း ကျန်းမာရေး စစ်ဆေးပေးမယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

ဇီကာ ဗိုင်းရပ်စ်ဟာ ဦးခေါင်းအရွယ် ပုံမှန်ထက် သေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားလာမှုနဲ့ အဆက်အစပ် ရှိတဲ့ ဗိုင်းရပ်စ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ