IS ခြေကုပ်မြို့တွေကို ပိတ်ဆို့ ချေမှုန်းဖို့ ကန် ရည်ရွယ်

  • 8 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption IS တွေရဲ့ နောက်ဆုံး ခြေကုပ်မြို့တွေ ဖြစ်တဲ့ ရက်ကာနဲ့ မိုဆူးလ်မြို့ နှစ်မြို့ကို ဝိုင်းပိတ် ချေမှုန်းဖို့ အမေရိကန်က ရည်ရွယ်ထား။

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့သားတွေကို ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ သူတို့ရဲ့ ခြေကုပ်မြို့ နှစ်မြို့မှာ လအနည်းငယ် အတွင်း ပိတ်မိ သွားအောင် စစ်ဆင်ဖို့ ရည်ရွယ် ထားတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ် ကာတာက ပြောလိုက်ပါတယ်။

IS ခြေကုပ် မြို့တွေ ဖြစ်တဲ့ ဆီးရီးယား ထဲက ရက်ကာနဲ့ အီရတ် ထဲက မိုဆူးလ် မြို့နှစ်မြို့မှာ IS တွေကို ပိတ်မိစေပြီး ဝိုင်းပတ် ချေမှုန်းဖို့ အတွက် နိုင်ငံစုံ ပါဝင်တဲ့ စစ်ရေး အစီအစဉ် တစ်ခုကို စတင် နေပြီလို့ မစ္စတာ ကာတာက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။

အဲဒီ စစ်ရေး အစီအစဉ်ကို အကောင်အထည် ဖော်ရာမှာ ဆီးရီးယား ထဲက အတိုက်အခံ တပ်ဖွဲ့တွေနဲ့ တူရကီ စစ်တပ် တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ရယူနေတယ်လို့ မစ္စတာ ကာတာက ပြောပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS အဖွဲ့ကို သူတို့ရဲ့ အစွန်းရောက် အတွေးအမြင် တွေနဲ့အတူ မြေပေါ်ကနေ ကွယ်ပျောက် သွားဖို့ လိုအပ်တယ်လို့ မစ္စတာ ကာတာက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က တူရကီ သမ္မတ အာဒိုဂန်က ရက်ကာမှာ ခြေကုပ်ယူထားတဲ့ IS တွေကို တိုက်ထုတ်ရာမှာ တူရကီ အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဖို့ အသင့်ပဲလို့ ပြောခဲ့ပြီးနောက် ဒီကနေ့မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အခုလို ပြောလိုက်တာလည်း ဖြစ်ပါပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ