ရေကြောင့် ဘန်ဂလောမြို့ ဆန္ဒပြ၊ လုပ်ငန်းတွေ ရပ်ဆိုင်း

  • 9 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းတွေ၊ ဆိုင်တွေ၊ ရုံးတွေ၊ ကုမ္ပဏီတွေ အားလုံး ပိတ်ထားရ။

အိန္ဒိယ နိုင်ငံမှာ နည်းပညာ မြို့တော်လည်း ဖြစ်၊ ကာနာတာကာ ပြည်နယ် မြို့တော်လည်း ဖြစ်တဲ့ ဘန်ဂလော မြို့မှာ ရေပြတ်လပ်မှု တွေကြောင့် ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး လုပ်ငန်း ဆောင်တာတွေ ရပ်ဆိုင်း ထားရပါတယ်။

အိမ်နီးချင်း တမီလ်နာဒူး ပြည်နယ်က လယ်သမားတွေ အတွက် ရေတွေ ဂါလံ ထောင်သောင်း ချီပြီး ခွဲပေးဖို့ တရားရုံးချုပ်က အမိန့်ထုတ် ခဲ့တာကို မြို့ခံ ဆန္ဒပြသူတွေက မကျေမနပ် ဒေါသထွက် နေကြတာပါ။

သူတို့မှာ လှောင်ထားတဲ့ ရေက သူတို့ရဲ့ ကာနာတာကာ ပြည်နယ်အတွက်တောင် လုံလောက်တာ မဟုတ်ဘူးလို့ ဆန္ဒပြသူ လှုပ်ရှားသူတွေက ပြောကြပါတယ်။

ဘန်ဂလော မြို့ပေါ်က ရာနဲ့ချီတဲ့ စီးပွားရေး လုပ်ငန်း ကုမ္ပဏီတွေနဲ့ အစိုးရ ရုံးတွေ၊ စာသင်ကျောင်းတွေ၊ စျေးဆိုင်တွေ အားလုံး တစ်နေ့တာ ပိတ်ထား ရပါတယ်။

ဆန္ဒပြသမားတွေက မော်တော်ကား တာယာတွေ၊ တမီလ် နာဒူး ပြည်နယ် ဝန်ကြီးချုပ် ရုပ်ပုံတွေကို မီးရှို့ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ