ပြင်သစ်မှာ ဖောက်ခွဲဖို့ အမျိုးသမီးတွေကိုIS စေခိုင်း

  • 10 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား က အိုင်အက်စ် တို့ က ဒီ အကြမ်းဖက်လုပ်ငန်း စီမံချက် ကိုသူတို့ ကို စေခိုင်းခဲ့တာဖြစ်ပါတယ်။

ပဲရစ်မှာ စက်တင်ဘာလ ၈ရက်နေ့က ဖမ်းဆီးထားလိုက်နိုင်တဲ့ အကြမ်းဖက်ဖို့ ကြံစည် ကြတဲ့အမျိုးသမီး ၃ ယောက် ဟာ IS အဖွဲ့ရဲ့ ညွှန်ကြားချက် တွေနဲ့ လုပ်ဆောင်ခဲ့ကြတာ လို့ ပြင်သစ် ဖက် က ပြောပါတယ် ။

အိုင်အက်စ် က စည်းရုံးသိမ်းသွင်းထားတဲ့အမျိုးသမီး ငယ်တွေ ပါဝင်တဲ့အဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့ပါတယ်။ ဆီးရီးယား က အိုင်အက်စ် တို့ က ဒီ အကြမ်းဖက်လုပ်ငန်း စီမံချက် ကိုသူတို့ ကို စေခိုင်းခဲ့တာဖြစ်ပါတယ်။

ဒါတွေကို ကြည့်ရင်အိုင်အက်စ် ဟာ အမျိုးသမီးတွေ ကို ပါ အကြမ်းဖက်တိုက်ခိုက်တဲ့ အလုပ်တွေ ကို လုပ်ခိုင်းနေပြီဖြစ်တယ် လို့ ပြင်သစ် အစိုးရရှေ့နေ ဖရန်ဆွာမော်လင်း ပြောသွားပါတယ်။

ရဲတွေ က ဂက်စ် ဓာတ်ငွေ့ဘူးတွေ အများကြီး ထည့်ထားတဲ့ ကား တစ်စီး ကို နော်ထရာဒိန်း ဘုရားရှိခိုးကျောင်းကြီးအနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်း က တွေ့ ရ ပြီးတဲ့နောက် အဲဒီအမျိုးသမီး ၃ ယောက် ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်း က လိုက်လံဖမ်းဆီးနိုင်ခဲ့တာပါ။

ပဲရစ်မြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတဲ့ ဘော့စီစိန့် အန်တိုအင်း အရပ်ဖက် မှာ သူတို့ကို ဖမ်းဆီးတုန်း ရဲတယောက် ဓားနဲ့ပြန်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

အဲဒီအမျိုး သမီး ၃ ယောက် ထဲက တယောက်လည်း ရဲတွေ က ပစ်လို့ သေနတ် ဒဏ်ရာရသွားပါတယ်။ အမျိုးသမီး တွေ ထဲ ကတယောက် က အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီးနာမည် က ဆာရာ အိတ်ချ လို့ ခေါ်ပါတယ်။

ရဲ၂ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လပိုင်းတွင်း က ပစ်သတ်ပြီး ကိုယ့်ဘာသာကိုယ် အဆုံး စီရင်ခဲ့တဲ့ အကြမ်းဖက်သမား တယောက် နဲ့ သူ ကအဆက်အသွယ်ရှိခဲ့သလို၊ ဇူလိုင်တုန်း က ခရစ်ယာန်ဘုန်းတော်ကြီးတပါးကို လည်ပင်းလှီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် သမားနဲ့လည်းအဆက်အသွယ်ရှိခဲ့သူပါ။

သူ့ ရဲ့လက်ရှိ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့အမျိုးသား တယောက်ကိုလည်း ဖမ်းထားတယ် လို့ ပြင်သစ် အစိုးရရှေ့နေ က ပြောပါတယ်။

သူတို့ထဲက နောက်တယောက် က ၁၉ နှစ်အရွယ် ဖြစ်ပြီး အင်းနစ် မာဒါနီ လို့ သိရပါတယ်။ ဒီအမျိုးသမီးငယ် ဟာ အိုက်အက်စ ကို သူထောက်ခံတဲ့အကြောင်း စာ တစောင်မှာ ရေးသား ခဲ့ပါတယ်။

အစိုးရ တရားလို ရှေ့နေ ဖရန်ဆွာမော်လင်း က သူဟာ ဆီးရီးယား ကို သွားရောက်ဖို့ အကြိမ်ကြိမ်ကြိုးစား ခဲ့တယ် လို့ လည်း ဆိုပါတယ်။

နောက် ဆုံးတယောက် ကတော့ အသက် ၃၉နှစ်အရွယ် အမယ် အက်စ လို့အမည်ရပြီး သူ့ ရဲ့ ၁၅ နှစ်အရွယ် သမီး ဖြစ်သူ ဟာလည်း အစွန်းရောက် အတွေးအခေါ်တွေ သွပ်သွင်း ထားပြီးဖြစ်လို့ အကျဉ်းချ ထားတယ် လို့ ပြင်သစ် တရားလိုရှေ့နေ က ပြောပါတယ်။

အမျိုးသမီး ၃ ယောက် ဟာ ပြင်သစ်မှာ အကြမ်းဖက် တိုက်ခိုက်တာတွေ လုပ်ဖို့ ရည်ရွယ်ထားကြတယ် လို့ ရှေ့နေ ဖရန်ဆွာ မော်လင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ