ငါးကြိမ်မြောက် နျူကလီယာ စမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယား ကြွေးကြော်

north_korea_
Image caption မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ က တရားဝင် ထုတ်ပြန်။

မြောက်ကိုရီးယား နျူကလီယာ စမ်းသပ်ကွင်း အနီး မြေငလျင် လှုပ်တာ လိုမျိုး တုန်ခါ သွားတာကို သတိထား မိခဲ့ရတဲ့ နောက် အခုတော့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ က တရားဝင် ထုတ်ပြန် ကြေညာ လာပါတယ်။

အခုတစ်ကြိမ် စမ်းသပ်မှုဟာ မြောက်ကိုရီးယား လုပ်ဆောင်ဖူး သမျှ နျူကလီယာ စမ်းသပ် ဖောက်ခွဲ မှုတွေ ထဲ အင်အား အကြီးဆုံး ပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား က ဆိုပါတယ်။

ကိုယ့် နိုင်ငံ ကိုယ် ဖျက်စီး နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်း ရဲ့ ရူးသွပ် မိုက်မဲမှု ကို ပြသ လိုက်တာပဲ ဆိုပြီး တောင်ကိုရီးယား သမ္မတ ပတ်ခ် ဂွန်-ဟေး က ပြင်းပြင်း ထန်ထန် ဝေဖန် ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယာ စမ်းသပ် ဖောက်ခွဲမှုကို အခိုင်အမာ ဆန့်ကျင်တယ် လို့ တရုတ် အစိုးရက ကြေညာ သလို၊ အခြေအနေကို ပိုပြီး ဆိုးရွား သွားစေနိုင်တဲ့ အပြုအမူ တွေကို ရှောင်ကြဉ်ပါ ဆိုပြီး တော့လည်း မြောက်ကိုရီးယားကို တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ