စပိန်မှာ ရထား လမ်းချော်၊ ၄ ဦး သေဆုံး

  • 9 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters

စပိန် နိုင်ငံ အနောက်မြောက်ပိုင်း၊ အို ပိုရီနို မြို့အနီးမှာ ရထား တစ်စီး လမ်းချော် တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာ ရသွားပါတယ်။

ပေါ်တူဂီ ဘက်ကနေ လာတဲ့ အဲဒီ ရထားပေါ်မှာ လူ ၆၀ လောက် လိုက်ပါလာပြီး မြို့ ဘူတာရုံ အနီးမှာ လမ်းချော် ခဲ့တာပါ။

သေဆုံးသူတွေ ထဲမှာ ရထား ဒရိုင်ဘာလည်း ပါဝင်ပါတယ်။

ရထားတွဲ တစ်တွဲက သံလမ်းပေါ်ကနေ လုံးဝ လွင့်ထွက်သွားခဲ့ပြီး တခြား တွဲ နှစ်တွဲကတော့ တဝက်တပျက် လမ်းချော် သွားပါတယ်။

၂၀၁၃ ဇူလိုင်လ တုန်းက ဒီဒေသမှာပဲ ဆိုးရွားတဲ့ ရထား မတော်တဆမှု ဖြစ်ခဲ့ဖူးပြီး ၇၉ ယောက် သေဆုံးကာ ၁၇၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ