ဆီးရီးယား အပစ်ရပ်ရေး ဆွေးနွေးမှု သိမ်မွေ့ခက်ခဲ

  • 9 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမြို့မှာ ဆီးရီးယား အစိုးရတပ်တွေ ပိုမို ထိန်းချုပ်လာနိုင်။

ဆီးရီးယား အပစ်ရပ်ရေး အတွက် အမေရိကန်နဲ့ ရုရှားတို့ အကြား ဆွေးနွေးမှုတွေဟာ သိမ်မွေ့ ခက်ခဲ့တဲ့ အဆင့်ကို ရောက်နေပြီလို့ ဆီးရီးယား ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လက်ဗ်ရော့ တို့ အကြား သဘောတူညီချက် ရခဲ့ရင်တော့ လူသားချင်း စာနာတဲ့ ကူညီမှုတွေကို အများကြီး အထောက်အပံ့ ဖြစ်စေမယ်လို့ ဂျီနီဗာမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ Staffan de Mistura က ပြောပါတယ်။

အလက်ပိုမြို့ကို သိမ်းပိုက် ထားတာကို လက်လွှတ်ပေးဖို့နဲ့ ဆီးရီးယား အနှံ့ ထိုးစစ်ဆင်မှု တွေကို ရပ်ပေးဖို့ အမေရိကန်တို့ ဘက်က အလိုရှိပါတယ်။

အဲဒါကို လိုက်လျောပေးမယ် ဆိုရင် ဂျီဟတ် အစွန်းရောက်တွေကို တိုက်ရာမှာ ရုရှားကို အမေရိကန်က ကူညီ ပူးပေါင်းဖို့ အသင့်ပဲလို့ ပြောထားပါတယ်။

ဒါပေမယ့် လတ်တလော အခြေအနေအရ အလက်ပိုမြို့မှာ ဆီးရီးယား အစိုးရ တပ်တွေက ပိုမို ထိန်းချုပ် လာတာကို တွေ့ရပါတယ်။ ဒါကြောင့် အချိန်ဆွဲဖို့ အတွက်သာ ရုရှားက ကြိုးပမ်းနေတာလို့ အမေရိကန်ဘက်က ယူဆခဲ့ရင် ပြောဆို ဆွေးနွေးမှုတွေကို ရပ်ပစ်မယ်လို့ အမေရိကန်က သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ