ဘင်္ဂလားဒေ့ရှ်စက်ရုံ မီးလောင်လို့ လူသေ

  • 10 စက်တင်ဘာ 2016
Bangladesh ဓာတ်ပုံ မူပိုင် epa
Image caption ဒဏ်ရာရသူတွေကို ဆေးရုံပို့

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြောက်ဘက်က ထုပ်ပိုးရေး စက်ရုံ တရုံ မီးလောင်လို့ အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ပြီး အထပ်မြင့် အဆောက်အဦ ပြိုကျ ခဲ့ပါတယ်။

ဘွိုင်လာ ပေါက်ကွဲပြီး မီးလောင်တယ်လို့ ယူဆရပါတယ်။

စက်ရုံမီးကို ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အလုပ်သမားတွေ၊ လုံခြုံရေး ဝန်ထမ်းတွေနဲ့ အနားက ဖြတ်သွားသူတွေ ပါပါတယ်။

ပြည်ပ ပို့ကုန် ထုတ်လုပ်မှုဟာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးမှာ အရေးပါပေမယ့် မီးလောင်မှု၊ စက်ရုံ ပြိုကျမှုတွေကြောင့် လုပ်ငန်းခွင် လုံခြုံရေး အတွက် အန္တရာယ်များတဲ့ အနေအထားမှာ ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ