ဆီးရီးယားစစ်တပ် လေကြောင်းကနေ တိုးမြှင့် တိုက်ခိုက်

  • 11 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အတိုက်အခံ တွေ ထိန်းချုပ် ထားတဲ့ နေရာ တွေကို အစိုးရ စစ်တပ်က လေကြောင်း ကနေ လာရောက် တိုက်ခိုက်

ဆီးရီးယား ပြည်တွင်းစစ် ရပ်စဲရေး အတွက် အမေရိကန် နဲ့ ရုရှ နိုင်ငံတို့က အစီအစဉ်သစ် ကို သဘောတူညီ ခဲ့ပြီး နောက်ရက်မှာပဲ အစိုးရ တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၄၅ ယောက် သေဆုံး ခဲ့ရပါတယ်။

အလက်ပို မြို့ နဲ့ အနီးအနား တစ်ဝိုက်က အတိုက်အခံ တွေ ထိန်းချုပ် ထားတဲ့ နေရာ တွေကို အစိုးရ စစ်တပ်က လေကြောင်း ကနေ လာရောက် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ အတိုက်အခံ အဖွဲ့ဝင် တစ်ဦး က လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ အရင်တုန်း ကလည်း အပစ်ရပ်ဖို့ ဆုံးဖြတ် ခဲ့ပေမယ့် အစိုးရ ဘက်က လိုက်နာ ခဲ့ခြင်း မရှိဘူး။

အခုလည်း သူတို့ အပစ်ရပ်မယ်လို့ ပြောတယ် ဒါပေမယ့် လေကြောင်း က ဗုံးကြဲနေတုန်း ပဲလို့ ပြောပါတယ်။

အတိုက်အခံတွေ ထိန်းချုပ် ရာ အခြားမြို့ တစ်မြို့ ဖြစ်တဲ့ အစ်ဒ်လစ် မြို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး ခဲ့တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား သူတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က ဂျနီဗာ မှာ အမေရိကန် နဲ့ ရုရှ နိုင်ငံ တို့ရဲ့ ဆီးရီးယား အရေး ဆွေးနွေး သဘောတူညီမှု ရလဒ်ကို အစိုးရ နဲ့ အတိုက်အခံ တွေ ဘက်ကလည်း သဘောတူညီ ခဲ့ကြပါတယ်။

လာမယ့် တနင်္လာနေ့မှာ အပစ်အခတ် ရပ်စဲ ရေး အတွက် နှစ်ဘက် အဖွဲ့တွေက စတင် လုပ်ဆောင် ကြမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ