ဟီလာရီ ကလင်တန် နျူမိုးနီးယား ဖြစ်နေ

  • 12 စက်တင်ဘာ 2016
_clinton__
Image caption မစ္စစ် ကလင်တန် ဟာ နေမကောင်း ဖြစ်လာတဲ့ အတွက် အခမ်းအနား ပြီးဆုံးအောင် မနေနိုင်ပဲ ပြန်သွား ရ

အမေရိကန် ပြည်ထောင်စု ရဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် ဟာ နျူမိုးနီးယား အဆုတ် အအေးမိ ရောဂါ ဖြစ်နေတယ် ဆိုတဲ့ အချက် ထွက်ပေါ် လာပါတယ်။

နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ 9/11 တိုက်ခိုက် ခံခဲ့ရမှု နှစ်ပတ်လည် အခမ်းအနား တက်ရောက် နေရာ ကနေ မစ္စစ် ကလင်တန် ဟာ နေမကောင်း ဖြစ်လာတဲ့ အတွက် အခမ်းအနား ပြီးဆုံးအောင် မနေနိုင်ပဲ ပြန်သွား ရပါတယ်။

အင်တာနက်ပေါ် ရောက်လာတဲ့ ဗီဒီယို ထဲမှာ မစ္စစ် ကလင်တန်ကို လူတွဲပြီး ထုတ်သွားတာ ကို တွေ့ရပါတယ်။

နောက်ပိုင်း မှာတော့ သမီးဖြစ်သူရဲ့ တိုက်ခန်းမှာ တွေ့ရတဲ့ မစ္စစ် ကလင်တန် ဟာ သူ နေကောင်းတယ် လို့ သတင်းထောက်တွေကို ပြောခဲ့ပေမယ့် ၊ အခု အခါ မစ္စစ် ကလင်တန် နျူမိုးနီးယား ဖြစ်နေတယ် ဆိုတဲ့ အချက် ပေါ်ထွက် လာတာပါ။

မစ္စစ် ကလင်တန်ရဲ့ ဆရာဝန် ဖြစ်သူ လီဆာ ဘားဒက် က မစ္စစ် ကလင်တန် နျူမိုးနီးယား ခံစား နေရကြောင်း ပြီးခဲ့တဲ့ သောကြာ နေ့ က ရောဂါ နာမည်တပ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ