ပြုံရမ်းကို ချေမှုန်း မယ်လို့ တောင်ကိုရီးယားပြော

  • 11 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အစီ အစဉ် နာမည်ကိုလည်း ကိုးရီးယား ဆိုင်ရာ ကြီးမားတဲ့ ပြစ်ဒဏ် ပေးမှု နဲ့ လက်တုံ့ ပြန်ခြင်း လို့ ပေးထား ပါတယ်

မြောက်ကိုးရီးယားဘက်က နျူကလီးယား လက်နက် ထုတ်သုံး လာနိုင် ခဲ့ရင် တောင်းကိုးရီးယား ဘက်ကနေ မြောက်ကိုးရီယား မြို့တော်ကို တိုက်ခိုက် ဖျက်ဆီး သွားမယ်လို့ တောင်းကိုးရီးယား အစိုးရ သတင်းဌာနာမှာ ဖော်ပြလိုက်ပါတယ်။

မြောက်ကိုးရီးယား ဘက်ကနေ နျူကလီးယား စမ်းသပ်မှုကို မြေအောက်မှာ ပြုလုပ်ပြီး ရက်ပိုင်း အကြာမှာပဲ တောင်ကိုးရီယား အစိုးရ ဘက်ကလည်း တုံ့ပြန် ခြိမ်းခြောက် ပြောဆို လာတာ ဖြစ်ပါတယ်။

တောင်ကိုးရီးယား အစိုးရပိုင် ယုံဟပ် သတင်း ဌာနဟာ အစိုးရ ဘက်ကို ကိုးကားပြီး သတင်း ဖော်ပြထား တာပါ။ တောင်ကိုးရီးယား လွှတ်တော် အမတ်တွေ ကိုလည်း အစိုးရ ရဲ့ အစီ အစဉ် အသေးစိတ်ကို ပြောကြား ထားတယ်လို့ ဖော်ပြ ပါတယ်။

အစီ အစဉ် နာမည်ကိုလည်း ကိုးရီးယား ဆိုင်ရာ ကြီးမားတဲ့ ပြစ်ဒဏ် ပေးမှု နဲ့ လက်တုံ့ ပြန်ခြင်း လို့ ပေးထား ပါတယ်။

အဲဒီ အစီအစဉ် အောက်မှာ ဆိုရင် ပြုံယမ်း မြို့တော်ရဲ့ အစိတ် အပိုင်း တိုင်းကို ၊ အထူး သဖြင့် မြောက်ကိုးရီးယား ခေါင်းဆောင်တွေ ပုန်းခို နေတဲ့ နေရာကို လုံးဝ ဖျက်ဆီး ပစ်မယ်၊ ပဲ့ထိန်း မစ်ဆိုင်းတွေ၊ ဖျက်အားပြင်း အမြောက်ဆံ တွေနဲ့ တိုက်ခိုက် သွားမယ်လို့ ဖော်ပြထား ပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုးရီးယား အရေး ဆိုင်ရာ အမေရိကန် အထူးသံ တမန် ဆွမ်ကင်မ်ကလည်း မြောက်ကိုးရီယားဟာ ဒေသတွင်း ကိုရော၊ အမေရိကန်နဲ့ မဟာမိတ် တွေကိုပါ ပိုပြီး ခြိမ်းခြောက် လာနေတယ်၊ ဒါကို အစွမ်းကုန် ကာကွယ် တုံ့ပြန် သွားမယ်လို့ ပြောပါတယ်။

နျူကလီးယား စမ်းသပ် မှုတွေကြောင့် မြောက်ကိုးရီးယားကို တောင်းကိုးရီးယားရော နိုင်ငံ တကာ ကပါ အထီးကျန် ပိတ်ဆို့ ထားနိုင်ခဲ့ ပေမယ့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ နျူကလီးယား ရည်မှန်းချက် ကိုတော့ မတားဆီး နိုင်သေးပါဘူး။

အခုအခါ တောင်မြောက် ကိုးရီယား နှစ်နိုင်ငံကြား အပြန် အလှန် စစ်ရေး ခြိမ်းခြောက် မှုတွေက ပိုမို ပြင်းထန် လာတဲ့ အနေ အထား ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ