ဆော်ဒီ အစိုးရကို တရားစွဲနိုင်တဲ့ ဥပဒေကြမ်းကို အိုဘားမား ဗီတိုသုံး ပယ်ချမယ်

  • 12 စက်တင်ဘာ 2016
3_comments_camp_david_obama_saudi ဓာတ်ပုံ မူပိုင် Getty
Image caption ဆော်ဒီ အစိုးရကို တရားစွဲခွင့် ဥပဒေကြမ်းဟာ နိုင်ငံတကာ ဥပဒေ ရဲ့ အခြေခံ မူတွေနဲ့ ဆန့်ကျင် နေတယ်လို့ အာရပ် နိုင်ငံတွေက ပြော။

အမေရိကန် ပြည်ထောင်စုမှာ 9/11 တိုက်ခိုက် ခံခဲ့ ရမှု အတွင်း သေဆုံး ခဲ့ရသူ တွေ ရဲ့ ကျန်ရစ်သူ မိသားစု ဝင် တွေ အနေနဲ့ ဆော်ဒီ အာရေဗျ အစိုးရ အပေါ် တရားစွဲဆို နိုင် ခွင့် ကို လွှတ်တော် နှစ်ရပ် စလုံးက သဘောတူ ခွင့်ပြု ခဲ့ ပေမယ့်၊ သမ္မတ အိုဘားမား က ဗီတို အာဏာ အသုံးပြုပြီး ပယ်ဖျက်ဖို့ ရှိနေပါတယ်။

အဲဒီ့ ဥပဒေကြမ်းသာ တကယ် အသက်ဝင် လာခဲ့ရင် ကမ္ဘာ့ နိုင်ငံ တလွှား ရောက်ရှိ နေတဲ့ အမေရိကန် နိုင်ငံသား တွေကို ပိုပြီး ပစ်မှတ်ထား တရားစွဲ တာမျိုး တွေ လက်တုံ့ပြန် ဖြစ်ပေါ် လာလိမ့်မယ် ဆိုပြီး အိမ်ဖြူတော် ပြောခွင့်ရ ဂျော့ချ် အားနက်စ်က ဆိုပါတယ်။

ဆော်ဒီ အာရေဗျ အပါအဝင် အာရပ် ၆ နိုင်ငံ အုပ်စု ကလည်း အမေရိကန် လွှတ်တော် တွေက ခွင့်ပြုခဲ့တဲ့ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး အင်မတန် စိုးရိမ်ကြောင်းနဲ့ အဲဒီ့ ဥပဒေကြမ်းဟာ နိုင်ငံတကာ ဥပဒေ ရဲ့ အခြေခံ မူတွေနဲ့ ဆန့်ကျင် နေတယ်လို့ ပြောထားပါတယ်။

၂ဝဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့ တုန်းက နယူးယောက်မြို့ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အဦ မိုးမျှော်တိုက် နှစ်လုံး နဲ့ ပင်တာဂွန် စစ်ဌာနချုပ် တို့ကို အသီးသီး ဝင်တိုက်ခဲ့ကြတဲ့ လေယာဉ် တွေနဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ် ထဲ က ကွင်းတစ်ခု ထဲ ပျက်ကျခဲ့တဲ့ လေယာဉ် တို့ကို ပြန်ပေးဆွဲ ခဲ့ကြသူ စုစုပေါင်း ၁၉ ယောက် ထဲ က အများစု ဖြစ်တဲ့ ၁၅ ယောက်ဟာ ဆော်ဒီ အာရဗျ နိုင်ငံသားတွေ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ