ဘန်ဂလောမြို့ အုံကြွမှု၊ ၃ ရက်ကြာ ကာဖျူး ထုတ်ပြန်

  • 13 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တမီလ် နာဒူး ပြည်နယ် နံပါတ်ပြားနဲ့ ဘတ်စ်ကားတွေ မီးရှို့ခံရ။

အိန္ဒိယ နိုင်ငံ ဘန်ဂလော မြို့မှာ ရေပေးဝေမှုနဲ့ ပတ်သက်ပြီး အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ညမထွက်ရ ကာဖျူး အမိန့်ကို ရဲတပ်ဖွဲ့က ၃ ရက်ကြာ ထုတ်ပြန် ထားလိုက်ပါတယ်။

ကာနာတာကာ ပြည်နယ်ကို တမီလ် နာဒူး ပြည်နယ်အတွက် ရေမျှဝေ ပေးဖို့ တရားရုံးချုပ်က အမိန့်ထုတ်ပြန် ခဲ့ပြီးနောက် တနင်္လာနေ့က အကြမ်းဖက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာပါ။

တမီလ် နာဒူး ပြည်နယ်က နံပါတ်ပြားနဲ့ ဘတ်စ်ကားတွေ ဒါဇင်ချီ မီးရှို့ ခံကြရပါတယ်။

ရဲကားနဲ့ ရဲဆိုင်ကယ်တွေလည်း မီးရှို့ ခံရတဲ့ အတွက် ရဲက ပြန်လည် ပစ်ခတ် ခဲ့ပါတယ်။ ဆန္ဒပြသူ တစ်ယောက် သေဆုံးတယ်လို့ သိရပါတယ်။

အဲဒီ ပြည်နယ် နှစ်ခုစလုံးမှာ ရှိတဲ့ စိုက်ခင်းတွေအတွက် ရေလိုအပ် နေတယ်လို့ နှစ်ဘက် စလုံးက ပြောနေကြတာပါ။

အိန္ဒိယမှာ ရေခွဲဝေမှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ မကြာခဏ ဖြစ်လေ့ ရှိပြီး၊ အခု ပြည်နယ် နှစ်ခုကြား အငြင်းပွားမှုကတော့ ဆယ်စုနှစ် များစွာ ကြာအောင် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ