ဆီးရီးယား အပစ်ရပ် ပထမနေ့ သေဆုံးသူ မရှိ

  • 13 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ပထမ ၁၅ နာရီအတွင်း အရပ်သား သေဆုံးသူ မရှိဘူးလို့ စောင့်ကြည့်သူတွေက ပြော။

ဆီးရီးယား နိုင်ငံမှာ တနင်္လာနေ့ည နေဝင်ချိန်ကနေ စတင် သက်ရောက်တဲ့ အပစ်အခတ် ရပ်နားထားချိန် ကာလအတွင်း ပထမ နေ့မှာတော့ အပစ်အခတ် ကြီးကြီးမားမား မရှိဘဲ အစီအစဉ်အတိုင်း ရှိနေတယ်လို့ သတင်းတွေက ပြောပါတယ်။

အပစ်ရပ် အစီအစဉ် စတင်တဲ့ ပထမ ၁၅ နာရီ အတွင်းမှာ အရပ်သား သေဆုံးသူ မရှိဘူးလို့ ဆီးရီးယား အရေး စောင့်ကြည့်တဲ့ ယူကေ အခြေစိုက် အဖွဲ့က ပြောပါတယ်။

တပ်ဖွဲ့တွေကြား ပိတ်မိနေတဲ့ အလက်ပို မြို့က ဒေသခံတွေကလည်း ငြိမ်ငြိမ်ဆိတ်ဆိတ် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့အတွက် ဆီးရီးယား မြောက်ပိုင်းက ပင်မ လမ်းကြောင်း တလျှောက်မှာ ရုရှား တပ်ဖွဲ့တွေက နေရာယူ ထားတယ်လို့ သိရပါတယ်။

ကုလ သမဂ္ဂ အရာရှိတွေကတော့ အထောက်အပံ့တွေ မပို့မီမှာ အခုထက် ပိုပြီး လုံခြုံရေး အာမခံချက် ရဖို့ လိုတယ်လို့ ပြောပါတယ်။

အကူအညီပေးရေး ယာဉ်တန်း အတွက် လုံခြုံရေးကို ရုရှားက တာဝန်ယူမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ပထမအသုတ် ယာဉ်တန်း ထွက်ခွာဖို့ ရှိတယ်လို့ တူရကီ မြောက်ပိုင်းမှာ ထောက်ပံ့ရေး ယာဉ်တန်းနဲ့ အတူ စောင့်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ