ဆီးရီးယား အကူပစ္စည်းတွေ နေရာစုံ မရောက်သေး

  • 14 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အလက်ပို မြို့ခံတွေ ဆက်လက် ပိတ်ဆို့ခံနေရတဲ့ အတွက် ဆန္ဒပြကြ။

ဆီးရီးယား နိုင်ငံမှာ အပစ်ရပ် သဘောတူညီမှု ဆက်လက် သက်ဝင် နေသေးပေမယ့် ပိတ်ဆို့ ခံထားရတဲ့ နေရာတွေ၊ အထူးသဖြင့် သူပုန်တွေ ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ အရှေ့ပိုင်း ဒေသတွေဆီကို အကူအညီတွေ လိုသလောက် မပို့ပေး နိုင်သေးဘူးလို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒါပေမယ့် ဟုမ်းစ် ပြည်နယ်က အစိုးရ ထိန်းချုပ်တဲ့ ဒေသတွေ ဆီကိုတော့ ရုရှားရဲ့ အကူအညီ ပစ္စည်းတွေ တင်ထားတဲ့ ကုန်တင်ကားကြီးတွေ ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အထောက်အပံ့ ပစ္စည်းတွေကို စောင့်ကြည့် ထိန်းချုပ်ဖို့ ဆီးရီးယား အစိုးရရဲ့ အတင်းအကျပ် တောင်းဆိုမှုက ပစ္စည်းတွေ ပေးပို့တာကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောပါတယ်။

ဒါပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ များပြားတဲ့ အပြိုင် သူပုန်အဖွဲ့တွေ ကြားမှာ လမ်းကြောင်း လုံခြုံ စိတ်ချရအောင် လုပ်ရတာကလည်း အကူအညီ ပစ္စည်းတွေ ပေးပို့တာကို ကြန့်ကြာ စေတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ ကနဦး ၄၈ နာရီ အပစ်ရပ်မှု အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ ပြန်သုံးသပ်ကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ