ကလင်တန် နေမကောင်း ဖြစ်နေရာက သက်သာလာပြီး မဲဆွယ်ပွဲထဲ ကိုယ်တိုင် ပြန်ပါလာနိုင်ပြီ

  • 15 စက်တင်ဘာ 2016
_clinton_ny_ ဓာတ်ပုံ မူပိုင် AP
Image caption မစ္စစ် ကလင်တန် ၃ ရက် လောက် အနား ယူခဲ့ ရ။

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ဟာ နျုမိုးနီးယား အဆုပ်အအေးမိ ရောဂါ ကြောင့် နာမကျန်း ဖြစ်ရာ ကနေ အခုတော့ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှူ တွေထဲ ပြန်လည် ပါဝင် လာနိုင်ပြီ ဖြစ်ပါတယ်။

မြောက်ကာရိုလိုင်းနား ပြည်နယ် ဂရင်းစ်ဘာရာ ကို သွားတဲ့ လေယာဉ် ပေါ် သတင်းထောက် တွေ ကို မစ္စစ် ကလင်တန်က စကား ပြောခဲ့တာမှာ၊ ၃ ရက် လောက် အနား ယူခဲ့ ရပြီး တဲ့နောက် အခုတော့ ကောင်းကောင်း နေကောင်း နေတယ် လို့ ဆိုပါတယ်။

ဂရင်းစ်ဘရာ မြို့ မဲဆွယ် အခမ်းအနား စင်မြင့်ပေါ် မစ္စစ် ကလင်တန် တက်လာတဲ့ အခါ အောက်က အားပေး ထောက်ခံသူ က တခဲနက် အော်ဟစ် နှုတ်ဆက် ခဲ့ကြပါတယ်။

တခါ၊ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် ကလည်း သူ့ ရဲ့ ကာယ ကျန်းမာရေး အင်မတန် ကောင်းမွန် နေတယ် လို့ ဆရာဝန် က ရေးထားတဲ့ စာကို အများပြည်သူတွေ သိအောင် ထုတ်ပြန် လာပါတယ်။

ဒါပေမယ့် အဲဒီ့ စာထဲ မှာပဲ မစ္စတာ ထရမ့် ရဲ့ သွေးထဲ ကိုလက်စထရော ဓာတ် ပါဝင်နှုန်း နဲ့ ကိုယ် အလေးချိန် ပို နေတာ ကို လျော့ကျအောင် ဆေးသောက် နေရတယ် ဆိုတဲ့ အချက် တွေ့ နေရပါတယ်။

ဒါပေမယ့် မစ္စတာ ထရမ့် ဟာ ဆေးလိပ်၊ အရက် သောက်သူ မဟုတ် ဘူး ဆိုတဲ့ အချက်ကိုလည်း တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ