ဗြိတိန်မှာ တရုတ်ငွေနဲ့ ဓာတ်အားရုံဆောက်

  • 15 စက်တင်ဘာ 2016
Hinkley ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်နဲ့ ပြင်သစ် ရင်းနှီးတဲ့ ဟင်ကလေ ပွိုင့် စီမံကိန်း

ဗြိတိသျှအစိုးရက နှစ်၂ဝ အတွင်း နိုင်ငံရဲ့ ပထမဆုံး အဏုမြူ ဓာတ်အားပေးစက်ရုံ ဆောက်ဖို့ ပြင်ဆင်ချက် အသစ်တွေ ထည့်သွင်းပြီး ဆောက်လုပ်ခွင့် ပေးလိုက်ပါတယ်။

ဒီ ဟင်ကလေ ပွိုင့် စီမံကိန်းကို တရုတ်နဲ့ ပြင်သစ်တို့က ရင်းနှီး မြုပ်နှံတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသစ်တက်လာတဲ့ ဝန်ကြီးချုပ် ထရီဇာ မေ က တရုတ် ပါဝင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံ လုံခြုံရေး စိုးရိမ်တဲ့အတွက် အတည်ပြုခါနီးမှာ ခေတ္တ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှအစိုးရဟာ ပြင်ဆင်ချက်တွေ အရ နိုင်ငံခြားပိုင် အဏုမြူ စက်ရုံတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်ခွင့် ပိုရလာမှာ ဖြစ်တယ်လို့ ဗြိတိသျှ ကုန်သွယ်ရေး ဝန်ကြီး ဂရက် ကလာ့ ကပြောပါတယ်။ ဟင်ကလေ စီမံကိန်းမှာ ပါဝင်တဲ့ တရုတ်နဲ့ ပြင်သစ် ကုမ္ပဏီတွေက ဆောက်ခွင့်ရတာကို ကြိုဆိုလို က်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ