ဒရုန်း တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူအတွက် လျော်ကြေး ကန် ၁.၂သန်း ပေးမယ်

  • 16 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် FACEBOOK
Image caption ၂၀၁၅ ဇန်နဝါရီမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း Giovanni Lo Porto သေဆုံးခဲ့။

ပါကစ္စတန် နိုင်ငံထဲမှာ အမေရိကန်တို့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတဲ့ အီတလီ နိုင်ငံသား ကူညီ ကယ်ဆယ်ရေး လုပ်သား အတွက် လျော်ကြေးငွေ ယူရို ၁.၁ သန်း (အမေရိကန် ဒေါ်လာ ၁.၂ သန်း)ပေးဖို့ အမေရိကန် အစိုးရက သဘောတူ လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်သူ Giovanni Lo Porto ဟာ အယ်လ် ခိုင်ဒါ အဖွဲ့ရဲ့ ထိန်းသိမ်းမှုကို ခံထားရစဉ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။ ကူညီ ကယ်ဆယ်ရေးလုပ်တဲ့ အမေရိကန် နိုင်ငံသား တစ်ဦးလည်း သူနဲ့ အတူ သေဆုံး ခဲ့ပါတယ်။

အခုလို သဘောတူညီမှုအပေါ် အိမ်ဖြူတော်က တရားဝင် အတည်ပြုတာတော့ မရှိသေးပါဘူး။

သမ္မတ အိုဘားမား ကတော့ အဲဒီ ကယ်ဆယ်ရေး လုပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး မနှစ်က ဧပြီလထဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်က အိမ်ဖြူတော်က ပြောရာမှာ အဲဒီ စစ်ရေး အစီအစဉ်က ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ်အနီးက အယ်ခိုင်ဒါ တို့ရဲ့ ဧရိယာ တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်က အရပ်သားတွေ ရှိမနေဘူးလို့ ယုံကြည်ခဲ့လို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ