ဘယ်လ်ဂျီယမ်မှာ လူနာကို သေဆုံးခွင့်ပေး

  • 17 စက်တင်ဘာ 2016
Ethanasia ဓာတ်ပုံ မူပိုင် Thinkstock

ဘယ်လ်ဂျီယမ်နိုင်ငံက ရောဂါကျွမ်းနေတဲ့ လူနာ ကလေးငယ်တစ်ဦးကို ဆန္ဒအရ သေဆုံးခွင့်ပေးလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာဆိုရင် ဘယ်လ်ဂျီယံမှာ ညင်ညင်သာသာ အသက်ထွက်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်က ပြဌာန်းပြီးနောက် ပထမဆုံးအကြိမ် လက်တွေ့ ကျင့်သုံးတဲ့ ဖြစ်ရပ်ပါ။

ဒီဖြစ်ရပ်ကို ပြီးခဲ့တဲ့အပတ်တုန်းက ဆရာဝန်တစ်ဦးက တင်ပြလာတာ ဖြစ်တယ်လို့ ဘယ်လ်ဂျီယမ်ရဲ့ ညင်ညင်သာသာ အသက်ထွက်ခွင့်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ Wim Distelmans က ပြောပါတယ်။

သေဆုံးခွင့်ရသွားတဲ့ ကလေးအကြောင်း အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ညင်ညင်သာသာ အသက်ထွက်ခွင့် ဥပဒေနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယမ်နိုင်ငံတွင်းအပြင် ကမ္ဘာတစ်ဝန်းမှာပါ ငြင်းခုန်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

နယ်သာလန် ဥပဒေမှာတော့ အသက် ၁၂ နှစ်အထက် ရောဂါကျွမ်းနေသူဟာ သေဆုံးခွင့် လျောက်လို့ရပါတယ်။