EU ဗြိတိန် ညှိုနှိုင်းမှု ဗီတိုသုံးမယ်လို့ ဆလိုဗက်ပြော

  • 18 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption နှုတ်ထွက်ဖို့ တရားဝင် အကြောင်းကြား မှု တွေကိုတUK အစိုးရ ဘက်က ပြုလုပ်ခြင်း မရှိသေး

ဗြိတိန် နိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် နေတဲ့ ဥရောပ နိုင်ငံသား တွေရဲ့ အခွင့်အရေး ကို အကာအကွယ် မပေးဘူး ဆိုရင် အီးယူ နဲ့ ညှိနှိုင်းမှု မှန်သမျှ ကို ဗီတို အာဏာ သုံးပြီး ပယ်ချ သွားမယ်လို့ ဆလို ဗက်ကီးယား နိုင်ငံက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဟန်ဂေရီ၊ ပိုလန် နဲ့ ချက် ရီပက်ဘလစ် နိုင်ငံ တွေကလည်း ဆလိုဗက်ကီးယား နဲ့ အတူ ခိုင်ခိုင်မာမာ ရပ်တည် သွားမှာ ဖြစ်တယ်လို့ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ က အီးယူ အဖွဲ့ကြီးကနေ နှုတ်ထွက်ဖို့ ဗြိတိန် မှာ ဆန္ဒမဲ ရလဒ် တွေ ထွက်ပေါ် လာပြီးနောက် နှုတ်ထွက်ဖို့ အတွက် တရားဝင် အကြောင်းကြား မှု တွေကိုတော့ အစိုးရ ဘက်က ပြုလုပ်ခြင်း မရှိသေးပါဘူး။

သောကြာ နေ့က အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ဟာ ဗြိတိန် နိုင်ငံ မပါဘဲ အစည်းအဝေး တရပ် ကို ဆလို ဗက်ကီးယား နိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ