ဘာလင်မြို့တော် ဒေသန္တရ ရွေးကောက်ပွဲ ဝန်ကြီးချုပ် မာ့ခဲလ် ပါတီ အထိနာ

  • 18 စက်တင်ဘာ 2016
angela_merkel_ ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီးချုပ် မာ့ခဲလ် ရဲ့ တံခါးဖွင့် မူဝါဒ ကို လူ ကြိုက် နည်း နေတဲ့ အပေါ် AFD ပါတီ က အခွင့် ကောင်း ယူ နိုင်ခဲ့။

ဂျာမနီ နိုင်ငံ ဘာလင် မြို့တော် မှာ ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် ဦးဆောင်တဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီ အကြီးအကျယ် အထိ နာ သွား ပါတယ်။

သတင်းဌာန တွေ ရဲ့ ခန့်မှန်း ချက် အရ လူဝင်မှု ဆန့်ကျင်ရေး လက်ျာ ပါတီ ဖြစ်တဲ့ AFD ပါတီ က အရင် ရွေးကောက်ပွဲ တွေ နဲ့ နှိုင်းယှဉ် ရင် မဲ တွေ သိသိသာသာ ပိုရ လာခဲ့ပြီး ၊ ဒေသန္တရ ပါလီမန် ထဲ မှာ ပထမဆုံး အကြိမ် ပါဝင် လာနိုင်ဖွယ် ရှိနေပါတယ်။

ဝန်ကြီးချုပ် မာ့ခဲလ် ရဲ့ တံခါးဖွင့် မူဝါဒ ကို လူ ကြိုက် နည်း နေတဲ့ အပေါ် AFD ပါတီ က အခွင့် ကောင်း ယူ အသုံး ချနိုင် ခဲ့တဲ့ အတွက် ဒေသန္တရ ပါလီမန် ရဲ့ နေရာ ၁၆ နေရာ ထဲက ၁ဝ နေရာ အထိ AFD ပါတီ က ရရှိ လာ နိုင် ပါတယ်။

မစ္စစ် မာ့ခဲလ် ရဲ့ ပါတီ ဟာ ဘာလင် အုပ်ချုပ်ရေး ညွန့်ပေါင်း အဖွဲ့ ထဲ က ထွက်သွား ရမယ့် အခြေ အနေ ရှိနေပြီး၊ သူတို့ နဲ့ ညွန်းပေါင်း ဖွဲ့ ထားခဲ့တဲ့ ဗဟို လက်ဝဲ ပါတီ ဖြစ်တဲ့ ဆိုရှယ် ဒီမိုကရက် ပါတီ က အခု ရွေးကောက်ပွဲ မှာ အင်အား အကောင်းဆုံး ဖြစ်လာ တယ် လို့ ဘာလင် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ