နယူးယောက် ဗုံးကွဲမှုဟာ အမေရိကန် လူဝင်မှု စနစ် လျော့ရဲတာကို ပြသ နေတယ်လို့ ထရမ့် ဝေဖန်

  • 19 စက်တင်ဘာ 2016
_ahmad_khan_rahami
Image caption အာမက်ဒ် ခန်း ရာဟာမီကို ပစ်ခတ် ဖမ်းဆီး။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ မှာ ဖြစ်ပေါ်ခဲ့တဲ့ ဗုံးကွဲမှု အပေါ် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဝေဖန် ပြောဆို ခဲ့တာမှာ လူတွေ ကို တင်းကြပ်စွာ မစိစစ်ပဲ အဝင်ခံတဲ့ အလွန်အမင်း လျော့ရဲ လွန်းနေတဲ့ လူဝင်မှု စနစ် ကြောင့် ဖြစ်ရတယ် လို့ ဆိုပါတယ်။

သံသယ ရှိရသူ ကို စစ်မေးတဲ့ အခါမှာ ဥပဒေက ခွင့်ပြုထား သမျှ နည်းပေါင်းစုံ သုံးပြီး စစ် မေး သင့်တယ်လို့ လည်း ဖလော်ရီဒါ ပြည်နယ် မဲဆွယ်ပွဲမှာ မစ္စတာ ထရမ့်က ပြောခဲ့ပါတယ်။

ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတ လောင်း ဟီလာရီ ကလင်တန် ကတော့ အန္တရာယ် ကြီးတဲ့ ကမ္ဘာကြီး မှာ တည်ငြိမ် တဲ့ ခေါင်းဆောင်မှု ဘယ်လောက် အရေးတကြီး လိုအပ် သလဲ ဆိုတာကို အခု ဗုံးကွဲမှု က သတိပေး လိုက်တာပဲ လို့ ဆိုပါတယ်။

နယူးယောက်နဲ့ နယူးဂျာဆီ ပြည်နယ် တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ပိုင်းက ဖြစ်ပေါ် ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက် မှု တွေ နဲ့ ပတ်သက်ပြီး အလို ရှိ ခံနေရသူ ကို အမေရိကန် အာဏာပိုင် တွေ ဖမ်းဆီး နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ့သူဟာ အသက် ၂၈ နှစ် အရွယ် အာမက်ဒ် ခန်း ရာဟာမီ ဆိုသူ ဖြစ်တယ်လို့ သိရပြီး၊ အာဖဂန် နွယ်ဖွား အမေရိကန် နိုင်ငံသား ဖြစ်ပါတယ်။

နယူးဂျာဆီ မှာ ရှိတဲ သူ့ရဲ့ နေအိမ် အနီး အပြန်အလှန် ပစ်ခတ်မှု တွေ ပေါ်ပေါက် ပြီးကာမှ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ် အတွင်း ရဲ နှစ်ဦးလည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ဗုံးကွဲမှု တွေဟာ အကြမ်းဖက် ဝါဒ အခြေခံ လုပ်ရပ် တွေ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင် တွေ က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ