နယူးယောက် ဖောက်ခွဲမှု သံသယရှိသူ ရဲက ထုတ်ပြန်

  • 19 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် NYPD
Image caption Ahmad Khan Rahami ရဲ့ ဓာတ်ပုံကို ရဲက ထုတ်ပြန်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့က ချယ်ဆီး အရပ်မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု အတွက် သံသယ ရှိသူကို နယူးယောက် အရာရှိတွေက ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ လူဟာ အာဖဂန် နစ္စတန် ကလာတဲ့ အမေရိကန် နိုင်ငံသား ခံယူထားသူ ၂၈ နှစ်အရွယ် Ahmad Khan Rahami ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ ဓာတ်ပုံကို နယူးယောက်မြို့ ရဲတပ်ဖွဲ့ (NYPD) က ထုတ်ပြန် ခဲ့ပါတယ်။

စနေနေ့က ဗုံးခွဲ တိုက်ခိုက်မှုမှာ လူ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ လူဟာ နယူးဂျာစီ ပြည်နယ်၊ အဲလိဇဘက်မြို့က ဖြစ်ပြီး လက်နက် ကိုင်ဆောင်ထားဖွယ် ရှိတယ်လို့ စုံစမ်း စစ်ဆေးသူတွေက သတိပေးထားပါတယ်။

အဲလိဇဘက်မြို့က ရထားဘူတာရုံ တစ်ခုအနီးမှာ ဖောက်ခွဲပစ္စည်း ငါးခု ပါတဲ့ ကျော်ပိုးအိတ် တစ်လုံးကို တွေ့ရှိပြီး မကြာမီ အခုလို ထုတ်ပြန်ချက် ထွက်ပေါ် လာတာပါ။

ဖောက်ခွဲ ပစ္စည်း တစ်ခုကတော့ တနင်္လာနေ့ အစောပိုင်းက ဗုံးရှင်းတဲ့ စက်ရုပ်နဲ့ ရှင်းလင်းစဉ် ပေါက်ကွဲခဲ့ပါတယ်။

အဲဒီ ဖောက်ခွဲ ပစ္စည်းတွေနဲ့ စနေနေ့က ဗုံးခွဲမှု အကြား ဆက်စပ်မှု ရှိမရှိ စုံစမ်း စစ်ဆေးနေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ