ကုလ ကယ်ဆယ်ရေး ယာဉ်တန်း အလက်ပ်ပို အနီး လေကြောင်း အတိုက်ခံရ

  • 19 စက်တင်ဘာ 2016
_syria_aristrikes_resum
Image caption ယာဉ်တန်းမှာ ပြီး ဆီးရီးယား လခြမ်းနီ အဖွဲ့ဝင်တွေ လိုက်ပါလာ။

ကုလသမဂ္ဂ ရဲ့ ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင် လာတဲ့ ယာဉ်တန်း အလက်ပ်ပို မြို့ နားမှာ လေကြောင်း ကနေ တိုက်ခိုက်တာ ခံလိုက် ရပါတယ်။

အဲဒီ့ ယာဉ်တန်းမှာ ပြီး ဆီးရီးယား လခြမ်းနီ အဖွဲ့ဝင်တွေ လိုက်ပါလာတာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံမှာ သီတင်းတစ်ပတ်ကြာ ရယူထားတဲ့ အပစ်ရပ်မှု အဆုံးသတ်ပြီ လို့ အစိုးရ စစ်တပ်က ကြေညာ ခဲ့ပြီးတဲ့နောက် အလက်ပ်ပို မြို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက် ခိုက်မှုတွေ ပြန်လည် စတင် လုပ်ဆောင် နေပါတယ်။

အစိုးရ စစ်လေယာဉ် တွေ ရဲ့ တိုက်ခိုက်မှုကြောင့် သူပုန်တွေ ထိန်းချုပ်ထားရာ အလက်ပ်ပိုမြို့ အစိတ်အပိုင်း တွေနဲ့ အနီးနား ကျေးရွာတွေ မှာ လူ အရေအတွက် တချို့ သေဆုံး ဒဏ်ရာ ရခဲ့တယ် ဆိုပြီး ဆီးရီးယား အရေး လှုပ်ရှား သူတွေက ပြောပါတယ်။

ကယ်ဆယ်ရေး ယာဉ်တန်း အတိုက်အခိုက် ခံခဲ့ရတဲ့ အပေါ် အကြီးအကျယ် ဒေါသ ထွက် ရတယ် ဆိုပြီး ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ က ပြောပါတယ်။

အပစ်ရပ် သဘောတူမှု အပေါ် ချိုးဖျက် ခဲ့တယ် ဆိုပြီး ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ နှစ်ဘက် အပြန်အလှန် စွပ်စွဲ နေကြပါတယ်။

အပစ်ရပ် သဘောတူမှု ရရှိ လာအောင် ရုရှားနဲ့ အတူ ကြိုးစားခဲ့တဲ့ အမေရိကန် ကတော့ သဘောတူမှု ကာလ အတိုင်းအတာကို တိုးမြှင့် နိုင်ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပစ်ရပ် သဘောတူမှု ပြီးဆုံးပြီလို့ ဆီးရီးယား အစိုးရရဲ့ ကြေညာချက် အပေါ် ရုရှား အစိုးရ အနေနဲ့ ဘယ်လို သဘောထား သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိလိုတယ် ဆိုပြီးတော့ လည်း အမေရိကန် က မေးခွန်း ထုတ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ