ဒေလီမှာ အမျိုးသမီးတစ်ဦး ဓားထိုးခံရမှု၊ ဘေးလူတွေ ဝင်မတားခဲ့

  • 20 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် CCTV
Image caption အသွားအလာ များတဲ့ လမ်းပေါ်မှာ ဓားထိုး တိုက်ခိုက်ခံရ။

အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီက အသွားအလာ များတဲ့ လမ်းပေါ်မှာ အမျိုးသမီး တစ်ယောက် အချက် ၂၀ ကျော်လောက် ဓားထိုးခံရတာကို လမ်းသွား လမ်းလာတွေက ဝင်မကူဘဲ ဒီအတိုင်း ကြည့်နေခဲ့တဲ့ ကိစ္စအပေါ် အများက စိတ်ဆိုး ဒေါသထွက် ခဲ့ကြပါတယ်။

စီစီတီဗီ မှတ်တမ်း ဗီဒီယိုထဲမှာ မော်တော် ဆိုင်ကယ် စီးလာတဲ့ လူတစ်ယောက်က အဲဒီ အမျိုးသမီးကို ချဉ်းကပ်ပြီး ဓားနဲ့ထိုး တိုက်ခိုက်တဲ့ ပုံတွေကို တွေ့ရပါတယ်။ တိုက်ခိုက်ခံရသူက ကရူနား ဆိုသူ ၂၂ အရွယ် ကျောင်းဆရာမ တစ်ယောက် ဖြစ်ပြီး အဲဒီ ဒဏ်ရာတွေနဲ့ သေဆုံး ခဲ့ပါတယ်။

အဲဒီ လူက အမျိုးသမီးကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုး၊ ခေါင်းကို ကျောက်ခဲနဲ့ ထု၊ ကန်ကျောက် နေတာတွေကို ဘေးက ဖြတ်သွားဖြတ်လာတွေက ဒီအတိုင်း ကြည့်နေ ခဲ့ကြပါတယ်။

နောက်ဆုံး အဲဒီလူ ထွက်ပြေးဖို့ ကြိုးစားတော့မှပဲ ဘေးလူတွေ ဝင်ပါခဲ့ကြပါတယ်။ သူ့ကို လူသတ်မှုနဲ့ စွဲဆိုထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်တဲ့ လူက အဲဒီ အမျိုးသမီးကို အရင်က နှောင့်ယှက်ခဲ့ဖူးပြီး သူ့မိသားစုက ရဲကို တိုင်ချက် ဖွင့်ခဲ့ဖူးတယ်လို့ သေဆုံးသူ အမျိုးသမီးရဲ့ အစ်ကိုက ပြောတာကို ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ