ဆီးရီးယား ပြည်တွင်းစစ် အတွက် အစိုးရမှာ အဓိက တာဝန် ရှိတယ်လို့ ဘန်ကီမွန်း ပြစ်တင်

  • 20 စက်တင်ဘာ 2016
_ban_ki-moon_
Image caption အစိုးရ ကို အားပေးသူတွေ ရော၊ သူပုန် အဖွဲ့တွေ ကို အားပေး သူတွေရောရဲ့ လက်တွေမှာ သွေးစွန်း နေတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် အနေနဲ့ အထွေထွေ ညီလာခံကို ပြောရတဲ့ မစ္စတာ ဘန်ကီမွန်း ရဲ့ နောက်ဆုံး မိန့်ခွန်း ထဲမှာတော့ ဆီးရီးယား ပြည်တွင်းစစ် ၅ နှစ်တာ ကာလ အတွင်းမှာ အရပ်သား တွေ အများစု ဖြစ်တဲ့ လူတွေ သေကြေ ပျက်စီး ခဲ့ရတာဟာ ဆီးရီးယား အစိုးရမှာ အဓိက တာဝန် ရှိတယ် ဆိုပြီး ပြစ်တင် ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ ကို အားပေးသူတွေ ရော၊ သူပုန် အဖွဲ့တွေ ကို အားပေး သူတွေပါ သူတို့ရဲ့ လက်တွေ သွေးစွန်း နေတယ်လို့လည်း မစ္စတာ ဘန် က ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။

ဆီးရီးယား ပြည်သူ တွေ ခံစား နေရတဲ့ ဒုက္ခအပေါင်းကို လျစ်လျူ ရှု ထားကြတဲ့၊ ဒါမှ မဟုတ် ကိုယ်တိုင် ဒုက္ခ တွေ ပေးနေတဲ့ တိုင်းပြည် တွေ က ကိုယ်စားလှယ် တွေ ကိုယ်တိုင် အခု အထွေထွေ ညီလာခံ မှာ ရှိနေကြတယ် ဆိုပြီး မစ္စတာ ဘန်က ဆိုပါတယ်။

Image caption မတိုက်ခိုက် ဖို့ ပန်ကြား ခဲ့ ပေမယ့် မအောင်မြင် ခဲ့ပဲ့ လေကြောင်း ကနေ ပစ်ခတ် ခံ ခဲ့ရ။

ဆီးရီးယား နိုင်ငံထဲ ကို ကြည့်ရင်တော့ တနင်္လာနေ့ က ကုလ သမဂ္ဂရဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေ သယ်လာတဲ့ ယာဉ် တန်း ဟာ စစ်ဖြစ် နေတဲ့ နှစ်ဘက် စလုံး က သူတွေ ထံ ဆက်သွယ်ပြီး မတိုက်ခိုက် ဖို့ ပန်ကြား ခဲ့ ပေမယ့် မအောင်မြင် ခဲ့ဘဲ လေကြောင်း ကနေ ပစ်ခတ် ခံ ခဲ့ရတာ ဖြစ်တယ်လို့ ကုလ သမဂ္ဂ က ထုတ်ပြန် ပါတယ်။

ဒါတင်မက တညလုံးလည်း ဆက်လက် ပစ်ခတ် နေတဲ့ အတွက် ဒဏ်ရာ ရရှိ သူတွေ ဆီ သွားရောက် နိုင်ဖို့ ကြိုးစား မှု တွေ လည်း ထိခိုက် ခဲ့ရတယ် လို့ ဆိုပါတယ်။

ကုသမဂ္ဂ ယာဉ် တန်း အတိုက်အခိုက် ခံ ခဲ့ရမှု အတွင်း အရပ်သား အယောက် ၂ဝ ဝန်းကျင် နဲ့ ဆီးရီးယား အာရပ် လခြမ်းနီ အဖွဲ့ ဝင် တစ်ဦး သေဆုံး ခဲ့ရတယ် လို့ နိုင်ငံတကာ ကြက်ခြေ နီ ကော်မတီ ICRC က ထုတ်ပြန် ပါတယ်။

အခု ဆိုရင် ကုလသမဂ္ဂ ရဲ့ ထောက်ပံ့ ရေး ယာဉ်တန်း တွေ ဆီးရီးယား ထဲ သွားလာ မှု ကို ရပ်ဆိုင်း လိုက်ကြပြီ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံ ထဲ နောက်ဆုံး ရယူ ထားတဲ့ အပစ်ရပ် သဘောတူမှု လုံးဝ ကျိုးပေါက် ပျက်စီး မသွား အောင် အဖတ်ဆယ် နိုင်မလား ဆိုပြီး အမေရိကန် နဲ့ ရုရှား အပါအဝင် နိုင်ငံတချို့ က သံတမန် တွေဟာ နယူးယောက် မြို့ မှာ တွေ့ဆုံ ဆွေးနွေး နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ