အလွန် ဝမ်းနည်းရတယ်လို့ ဘရတ်ပစ် ပြော

  • 21 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပစ်နဲ့ ဂျိုလီတို့ ၂၀၁၄ မှာ လက်ထပ်ခဲ့။

ဟောလိဝုဒ် မင်းသမီး အိန်ဂျလီနာ ဂျိုလီက ကွာရှင်းခွင့် တောင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရမ်း ဝမ်းနည်းရတယ်လို့ မင်းသား ဘရတ်ပစ်က ပြောပါတယ်။

ဂျိုလီ (၄၁ နှစ်) က စေ့စပ်လို့ မရတဲ့ ကွဲလွဲချက်တွေကြောင့် လို့ဆိုပြီး တနင်္လာနေ့က ဘရတ်ပစ် (၅၂ နှစ်) ကို ကွာရှင်းခွင့် တောင်းခဲ့တာပါ။

သူတို့ မိသားစု အကျိုးကို ကြည့်ပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ဂျိုလီရဲ့ ရှေ့နေက ပြောပါတယ်။ ဂျိုလီက သူတို့ စုံတွဲမှာရှိတဲ့ ကလေး ၆ ယောက် အတွက် အုပ်ထိန်းခွင့်ကို တောင်းခံထားပါတယ်။

အခုလို ကွာရှင်းဖို့ ဖြစ်လာတဲ့ အကြောင်းတွေ အနက် ဘရတ်ပစ်မှာ ကလေးတွေကို အုပ်ထိန်းနိုင်စွမ်း မရှိတဲ့ အချက်ကို ဂျိုလီက စိတ်ပျက်တာကလည်း တစ်ကြောင်း ဖြစ်တယ်လို့ သတင်းစာ တစ်စောင်က ရေးပါတယ်။

ပရိသတ်တွေက သူတို့ အတွဲကို ဘရန်ဂျလီနာ Brangelina လို့ ချစ်စနိုး ခေါ်ကြတဲ့ ပစ်နဲ့ ဂျိုလီတို့ နှစ်ယောက်ဟာ ၂၀၀၄ ခုနှစ်က Mr & Mrs Smith ရုပ်ရှင် ရိုက်ကူးချိန်ကနေ စတွဲခဲ့ကြပြီးနောက် ၁၀ နှစ်အကြာ ၂၀၁၄ မှာ လက်ထပ် ခဲ့ကြတာပါ။

ဘရတ်ပစ် အတွက် ဒုတိယ အိမ်ထောင် ဖြစ်ပြီး ဂျိုလီ အတွက်တော့ တတိယ အိမ်ထောင်ပါ။ ဘရတ်ပစ်ရဲ့ ပထမ ဇနီးဟောင်းက မင်းသမီး ဂျန်နီဖာ အန်နစ္စတန် ဖြစ်ပြီး၊ ဂျိုလီ့ ပထမအိမ်ထောင်က ဂျွန်နီ လီ မီလာ Jonny Lee Miller နဲ့ ဖြစ်ပြီး ဒုတိယ အိမ်ထောင်က ဘီလီ ဘော့ဘ် သွန်တန် Billy Bob Thornton နဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ