အီဂျစ် ကမ်းလွန်မှာ ရွှေ့ပြောင်းသူတွေရဲ့ စက်လှေ နစ်မြုပ်

  • 21 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပဘက်ကို ဝင်ဖို့ အာဖရိက မြောက်ပိုင်းကနေ မြေထဲပင်လယ် ဖြတ်ကူးတဲ့ အရေအတွက် များလာနေတယ်လို့ ဆို။

အီဂျစ် ကမ်းလွန်မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ လှေတစ်စီး နစ်မြုပ်ခဲ့လို့ အတည်ပြုနိုင်တဲ့ သေဆုံးသူ အနည်းဆုံး ၂၉ ယောက် ရှိသွားပြီလို့ အရာရှိတွေက ပြောပါတယ်။

အဲဒီ စက်လှေပေါ်မှာ လိုက်ပါလာတဲ့ လူ ၆၀၀ လောက် ထဲက ၁၅၀ လောက်ကို ကယ်တင် နိုင်ခဲ့တယ်လို့ အီဂျစ် အစိုးရ မီဒီယာက ပြောပါတယ်။

ဥရောပကို ဝင်ရောက်တဲ့ ရွှေ့ပြောင်းသူတွေဟာ အီဂျစ် နိုင်ငံကို စတင် ထွက်ခွာတဲ့ နေရာအဖြစ် သုံးနေကြတယ်လို့ အီးယူ နယ်စပ် ထိန်းချုပ်ရေး အေဂျင်စီ အကြီးအကဲက သတိပေးခဲ့ပြီး မကြာမီမှာပဲ အခုလို ရွှေ့ပြောင်းသူတွေရဲ့ လှေ အီဂျစ် ကမ်းလွန်မှာ နစ်မြုပ်ခဲ့တာပါ။

အဲဒီ လှေပေါ်မှာ အီဂျစ်၊ ဆီးရီးယားနဲ့ အာဖရိက တိုက်က ရွှေ့ပြောင်းသူတွေ ပါသွားတယ်လို့ လုံခြုံရေး သတင်းရပ်ကွက်က ဆိုပါတယ်။

အဲဒီ စက်လှေ သွားရောက်မယ့် ဦးတည်ချက်ကိုတော့ အတိအကျ မသိရပေမယ့် အီတလီကို ဦးတည် ထွက်ခွာခဲ့တဲ့ပုံ ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ