အီဂျစ် ကမ်းလွန်ပြင်မှာ ပြောင်းရွှေ့သူ ရာပေါင်းများစွာ ကယ်ဆယ် ခဲ့ရ

  • 21 စက်တင်ဘာ 2016
egypt_migrants_boat_
Image caption လူ အယောက် ၁၅ဝ ကယ်တင် ထားနိုင်တယ်လို့ အီဂျစ် အာဏာပိုင် တွေပြော။

အီဂျစ် နိုင်ငံ ကမ်းလွန် ရေပြင်မှာ တရားမဝင် ဝင်ရောက်သူ စုစုပေါင်း အယောက် ၆ဝဝ ဝန်းကျင် တင်ဆောင် ထားတဲ့ လှေတစ်စီး မှောက် ခဲ့တဲ့ အတွက် အနည်းဆုံး ၄၂ ယောက် သေဆုံး သွားပါတယ်။

လောလောဆယ် အချိန်ထိ လူ အယောက် ၁၅ဝ ကယ်တင် ထားနိုင်တယ်လို့ အီဂျစ် အာဏာပိုင် တွေက ထုတ်ပြန် ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်း တွေ အတွက် လိုအပ်သမျှ အကူအညီတွေ ပံ့ပိုး ပေးမယ်လို့ အီဂျစ် ဝန်ကြီးချုပ် ရှရစ်ဖ် အစ္စမေးလ် က ဆိုပါတယ်။

အခု နှစ်ထဲ မှာကို မြေထဲပင်လယ် ကို ဖြတ်ပြီး ဥရောပဘက် ကူး ခဲ့ကြသူပေါင်း အယောက် ၃ သိန်း ထက် မနည်း ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီ့ထဲ က အများစု ဟာ အီဂျစ်နဲ့ အိမ်နီးချင်း အာဖရိက တိုက် မြောက်ပိုင်း နိုင်ငံဖြစ်တဲ့ လစ်ဗျားရဲ့ ကမ်းရိုးတန်း တွေကနေ ထွက်ခွာ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ