အလက်ပို ကို ဆီးရီးယား စစ်တပ် က ထိုးစစ် အသစ်တခု လုပ်နေ

  • 22 စက်တင်ဘာ 2016
syria
Image caption ဆီရီးယား က စစ်ပွဲတွေ မရပ်နိုင်ကြသေး

အလက်ပိုမြို့ထဲက သူပုန်တွေ ထိန်းချုပ်ထားရာ နေရာတွေကို ပြန်သိမ်းနိုင်ဖို့အတွက် ကြီးမားတဲ့ ထိုးစစ် အသစ် လုပ်နေပြီ လို့ ဆီးရီးယား အစိုးရ စစ်တပ်က ကြေညာလိုက်ပါတယ်။

မြို့အရှေ့ပိုင်းမှာ နေထိုင် နေကြတဲ့ ပြည်သူတွေအနေနဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေ ကို ရှောင်ရှားကြဖို့ သူတို့ က သတိပေးထားပါတယ်။

ဆီးရီးယား မှာ အပစ်ရပ်စဲရေး ဘယ်လိုပြန်လုပ်ကြမလဲလို့ အမေရိကန်နဲ့ရုရှ တို့ နယူးရော့ခ်မှာ အရေးပေါ် ဆွေးနွေးနေတုန်း အခုလို ဆီးရီးယား အစိုးရ ရဲ့ ကြေညာချက် ထွက်လာတာပါ။

အခုစစ်ဆင်ရေးမှာ မြေပြင်တပ်တွေ ပါမှာလား ဆိုတာကို တော့ ဆီးရီးယား စစ်တပ်က အတိအကျ ထုတ်မပြောပါဘူး။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ တော့ လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ကို သူပုန်တွေထိန်းချုပ်ရာ အလက်ပိုမြို့ အရှေ့ပိုင်းမှာ တွေ့နေရပါတယ်။