မြောက်ကိုရီးယား ရေကြီးမှု တောင်ကိုရီးယား မကူညီ

  • 23 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရေကြီး မြေပြိုတဲ့ နေရာမှာ ရှင်းလင်းနေတဲ့ မြောက်ကိုရီးယား စစ်သားအချို့။

မြောက်ကိုရီးယား နိုင်ငံမှာ ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ပေါ်ပေါက် ခဲ့ပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ တောင်ကိုရီးယားက အကူအညီ ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယားက တကယ်လို့ ကူညီမယ်ဆိုရင် အဲဒီ အကူအညီတွေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကြားထဲက နာမည်ကောင်း ယူမှာကို သိနေတဲ့အတွက် ကူညီဖို့ လက်တွန့်နေရတာ ဖြစ်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းမှာ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ ရေကြီးမှုဟာ ၁၀ စုနှစ် အနည်းငယ်အတွင်း အဆိုးဆုံး ဖြစ်ပြီး လူ ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ ယူဆ ရပါတယ်။

အခုနှစ်ထဲမှာ မြောက်ကိုရီးယားက နျူကလီယာ စမ်းသပ်မှုတွေ၊ ဒုံးကျည် ပစ်လွှတ်မှုတွေ ဆက်တိုက် လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တောင်ကိုရီးယား အစိုးရက အခုလို တင်းမာတဲ့ ရပ်တည်ချက်ကို စွဲကိုင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ