ဆီးရီးယား IS တွေကို လေကြောင်းတိုက်ခိုက်မှု ၂ နှစ်ပြည့်

  • 23 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ ပြင်သစ် တိုက်လေယာဉ် တချို့။

ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့အပေါ် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာတာ နှစ်နှစ်တိတိ အကြာမှာ သေဆုံးသူ ၆ ထောင် ၂ ရာကျော် ရှိသွားပြီလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။

IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို ၂၀၁၄ ခုနှစ်၊ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အများစုကတော့ IS အဖွဲ့သားတွေ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် အရပ်သားတွေနဲ့ တခြား အစ္စလာမ္မစ် အဖွဲ့သားတွေလည်း သေဆုံးသူတွေထဲမှာ ပါနေတယ်လို့ သိရပါတယ်။

အစ္စလာမ္မစ် အဖွဲ့ခွဲ အမျိုးမျိုးက သူတို့ လူတွေ သေဆုံးမှုကို လျှို့ဝှက်လေ့ ရှိတဲ့ အတွက် တကယ့် အရေအတွက်မှန်ကို မသိနိုင်ဘူးလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ