Yahoo ဖောက်ထွင်းခံရမှု၊ Verizon အကဲဖြတ်နေ

  • 23 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters

Yahoo အကောင့် သန်း ၅၀၀ လောက်ရဲ့ အချက်အလက်တွေ ဖောက်ထွင်း ခံရတာကို ၂ နှစ်လောက်ကြာမှ သိခဲ့ရတဲ့ ကိစ္စအပေါ် အကဲဖြတ် စုံစမ်းမှုတွေ လုပ်နေတယ်လို့ Yahoo ကို ဝယ်ယူဖို့ လွန်ခဲ့တဲ့ နှစ်လက သဘောတူခဲ့တဲ့ Verizon က ပြောပါတယ်။

အခုလို Yahoo အကောင့်တွေ ဖောက်ထွင်းခံရတဲ့ ကိစ္စကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ သိခဲ့ရတာလို့ Verizon က ပြောပါတယ်။

ဒီကိစ္စကြောင့် Verizon ရဲ့ ဝယ်ယူမှုကို ထိခိုက် နိုင်မလား ဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။

၂၀၁၄ က ဖြစ်ပွားခဲ့တဲ့ အဲဒီ အကောင့်တွေ ဖောက်ထွင်း ခံရတာဟာ နိုင်ငံ အစိုးရ တစ်ခုခုရဲ့ လက်ချက်လို့ ယုံကြည်ရကြောင်း Yahoo ကုမ္ပဏီက ပြောခဲ့ပါတယ်။

ဖောက်ထွင်း ခိုးယူခံရတဲ့ အချက်အလက် တွေထဲမှာ အကောင့် ပိုင်ရှင်တွေရဲ့ အမည်၊ အီးမေးလ် လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ မွေးနေ့ စတဲ့ ကိုယ်ရေး အချက်အလက်တွေ ပါသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘဏ် ကတ်နံပါတ်တွေနဲ့ ဘဏ် အကောင့် အချက်အလက်တွေတော့ ပါသွားပုံ မရဘူး လို Yahoo က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ