ရှားလော့ ပစ်ခတ်မှု မှတ်တမ်း ဗီဒီယို ရဲ ထုတ်ပြန်

  • 25 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption Keith Lamont Scott ဟာ သေနတ် ကိုင်ဆောင် ထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ က ပြောကြား

အမေရိကန် နိုင်ငံ မြောက် ကယ်ရိုလိုင်းနား ပြည်နယ် ရှားလော့ မြို့မှာ လူမည်း အမျိုးသား Keith Lamont Scott ကို ရဲတပ်ဖွဲ့က ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာမှာ ရဲ အဖွဲ့ က သူတို့ ရိုက်ကူး ထားတဲ့ ဗီဒီယို မှတ်တမ်း ကို ထုတ်ပြန် လိုက်ပါတယ်။

ရဲက ရိုက်ကူး ထားတဲ့ ဗီဒီယို မှတ်တမ်း ထဲမှာတော့ ရဲတပ်ဖွဲ့ ဝင်တွေ က သေနတ် တွေနဲ့ ချိန်ရွယ်ပြီး Keith Lamont Scott အနားကို ကပ်လာတာ တွေ့ မြင်ရပါတယ်။

နောက်ထပ် စက္ကန့် အနည်းငယ် အကြာမှာတော့ Keith Lamont Scott ဟာ မြေပေါ်မှာ လဲနေပြီး ရဲတပ်ဖွဲ့ ဝင် တစ်ဦး က လက်ထိပ် ခတ် နေတာ ကိုလည်း မြင်တွေ့ ရပါတယ်။

ဒါပေမယ့် အခု အမှု က ရှုပ်ထွေး မှုတွေ ရှိနေတာကြောင့် သက်သေခံ အထောက် အထား တစ်ခုတည်းနဲ့ လက်တလော ဖြစ်ပွား နေတာ တွေကို ပြေလည် စေမှာ မဟုတ်ဘူးလို့ ရှားလော့ ရဲတပ်ဖွဲ့ အကြီးအကဲ Kerr Putney က ပြောပါတယ်။

ပစ်ခတ် ဖမ်းဆီးမှု အတွင်း Keith Lamont Scott ဟာ သေနတ် ကိုင်ဆောင် ထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ က သတင်းစာ ရှင်းလင်း ပွဲမှာ ထပ်လောင်း ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ