ရုပ်သံဝေငှနိုင်တဲ့ နေကာမျက်မှန်

  • 24 စက်တင်ဘာ 2016
Snapchat ဓာတ်ပုံ မူပိုင် Getty
Image caption Snapchat app ကို တိုက်ရိုက်ပို့ပြီး ကြည့်နိုင်

အွန်လိုင်းစာပို့ cameraကုမ္ပဏီ Snapchat က သူတို့ရဲ့ ပထမဆုံး စက်ကိရိယာတခု ဖြစ်တဲ့ ရုပ်သံဝေငှနိုင်တဲ့ နေကာမျက်မှန်ကို မိတ်ဆက်တင်ပြ လိုက်ပါတယ်။

စပက်တီကယ်လို့ နာမည်ပေးထားတဲ့ ဒီကိရိယာ တွေဟာ လူတွေရဲ့ အမှတ်တရ ဖြစ်စဉ်တွေကို ကင်မရာအသေးလေး တခုနဲ့ ရိုက်ထားလို့ ရမှာ ဖြစ်ပါတယ်။

ဒီမျက်မှန်မှာ ပါတဲ့ ကင်မရာ မှန်ဘီလူးက ၁၁၅ ဒီဂရီ မြင်ကွင်းနဲ့ သာမန် စမတ်ဖုန်းတွေ ထက် မြင်ကွင်းကျယ်ပြီး လူ့မျက်လုံး မြင်ကွင်းနဲ့ ပိုနီးစပ်ပါတယ်။

ရိုက်ထားတာတွေကို Snapchat app ကို တိုက်ရိုက်ပို့ပြီး တခြားသူတွေနဲ့ အတူတကွ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ