ဆီးရီးယား စစ်ကြောင့် လူ ၂ သန်း နီးပါး သောက်သုံးရေ ပြတ်လပ်

  • 24 စက်တင်ဘာ 2016
Aleppo ဓာတ်ပုံ မူပိုင်
Image caption အလက်ပို က မြင်ကွင်း

ဆီးရီးယားက စစ်ပွဲ ကို ပြန်ငြိမ်သွားစေဖို့ အမေရိကန်နဲ့ ရုရှတို့ ကိုယ့် ဆိုင်ရာမဟာမိတ်အင်အားစု တွေ ကို လွှမ်းမိုးတိုက်တွန်း ပေးကြ ပါ ဆိုပြီး တဖက်နဲ့တဖက် အပြန်အလှန် တောင်းဆိုနေချိန်မှာပဲ အလက်ပို က စစ်မီးက ပိုပြင်းထန် လာနေပြီးတော့ လူတွေ သန်းချီ ပြီး ရေ မရတော့မယ့် အခြေအနေအထိ ဆိုက်လာနေပါပြီ။

တနင်္လာနေ့ကတည်း က သိပ်မကြာလှတဲ့ အပစ်အခတ်ရပ်စဲ တခါပြန် ပျက်သုဉ်းသွားပြီးတဲ့နောက် ဆီးရီးယား အစိုးရစစ်တပ် က လေကြောင်း ကနေ အကြီးအကျယ် ကို တိုက်ခိုက်နေတာပါ။

သူပုန်တွေ ထိန်းချုပ်ရာ အလက်ပို အရှေ့ပိုင်း ကို ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ကတည်းက လေကြောင်း တိုက်ခိုက်မှုတွေ ဟာ ဆက်တိုက်ဖြစ်နေပြီးတော့ နေ့ရောညရော ရပ်မသွားပါဘူး။

ဆီးရီးယား အလက်ပို မြို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားနေတာကြောင့် လူ ၂ သန်း နီးပါး သောက်သုံးရေ ပြတ်လပ် နေကြောင်း ယူနီဆက်ဖ် အဖွဲ့က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောင့် အလက်ပိုအရှေ့ပိုင်းက ရေပေးဝေရေး စက်ရုံ ဖျက်ဆီးခံလိုက်ရလို့ လူ ၂သိန်းခွဲ ရေ ပြတ်လပ်မယ့် အခြေအနေ အပြင် သူပုန်တွေ ကလက်စားချေတဲ့အနေနဲ့ အစိုးရထိန်းချုပ်တဲ့ အလက်ပို အနောက်ပိုင်းဘက်ကို ရေပေးတဲ့ လိုင်းတွေကို ပိတ်ချထားတဲ့အတွက် အလက်ပို မြို့တလွှားကိ စုစုပေါင်း လူ ၂သန်းလောက် ရေ ပြတ်လပ်တဲ့ ဘေးနဲ့ကြုံနေပြီလို့ ယူနီဆက်ဖ် အရာရှိ ကီယန် ဒိုင်ဝါ က ပြောပါတယ်။

ရေမရ တာ ကတဆင့် မသန့်ရှင်းတာကြောင့်ဖြစ်လာမယ့် ကူးစက်ရောဂါ တွေလည်း ဖြစ်လာတော့မယ် လို့ သူက သတိပေးလိုက်ပါတယ်။ အလက်ပို ရဲ့ စစ်ဘေး ဟာ ဘယ်အထိ ဖြစ်လာမလဲဆိုတာ ကို ဘယ်သူမှ မမှန်းဆနိုင်ကြ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ