ကိုလံဘီယာမှာ သမိုင်းဝင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲ ကျင်းပ

  • 26 စက်တင်ဘာ 2016
colombia_peace
Image caption အနှစ် ငါးဆယ် ပြည်တွင်းစစ် ကာလ မှာ လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့။

ကိုလံဘီယာ နိုင်ငံ ကာတာဟေးနား မြို့ကြီး က အဓိက ခရစ်ယာန် ဘုရားကျောင်းထဲမှာ သမိုင်းဝင် ဖြစ်လာမယ့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို အစိုးရနဲ့ FARC သူပုန်အဖွဲ့ တို့ အကြား လက်မှတ်ရေးထိုးပွဲ စတင် ခဲ့ပြီ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက အဲဒီ့ ဘုရားကျောင်း ကြီးထဲ မှာပဲ ငြိမ်းချမ်းရေး အတွက် စုပေါင်း ဝတ်ပြု ဆုတောင်းပွဲ တစ်ရပ် ကျင်းပ ခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဗာတီကန် နန်းတော်ရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ပီယက်ထရို ပါရိုလင် က ကိုလံဘီယာ နိုင်ငံ ထဲ မတူကွဲပြား ဖြစ်နေကြတဲ့ အဖွဲ့တွေ အားလုံး ရင်ကြားစေ့ သင့်မြတ်ကြဖို့ တိုက်တွန်း ထားပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ကလည်း FARC သူပုန် အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်း ထဲက ပယ်ဖျက် ပေးလိုက်ပါတယ်။

ကိုလံဘီယာ နိုင်ငံရဲ့ အနှစ် ငါးဆယ် ပြည်တွင်းစစ် ကာလ မှာ လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့ကြ ရပါတယ်။

ငြိမ်းချမ်းရေး စာချုပ် ပါ အချက်အလက် တွေကို ကိုလံဘီယာ ပြည်သူ တွေ အနေနဲ့ လက်ခံ မှာလား ဆိုတာ ကိုတော့ ရှေ့လ ထဲ မှာ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ ပြီး ဆုံးဖြတ် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ