ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး စိုးရိမ်စရာ မရှိ

  • 26 စက်တင်ဘာ 2016
Image caption ခရီးပန်း တဲ့ ဒဏ်ကြောင့် လေဆိပ်မှာ လာရောက်ကြိုဆိုသူတွေ ကိုထွက်ပြီး နှုတ်မဆက်နိုင်

စက်တင်ဘာလ ၂၅ ရက်နေ့က ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေ ကနေ ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေ ကြောင့် ကြိုဆိုခဲ့သူတွေကို ထွက်ပြီး မတွေ့နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ရုံးကရော အမျိုးသား ဒီမိုကရေစီအဖွဲ ချုပ် ပါတီ ဘက်ကပါ ဘီဘီစီကို ပြောပါတယ်။

NLD နှစ်ပတ်လည် အခမ်းအနား ကိုဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့မရှိ သလို လာမယ့် ဗုဒ္ဓဟူး နေ့မှာ ကျင်းပမယ့် ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်က စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံပွဲ ကိုလည်း ဆက်လက် ရွှေ့ဆိုင်း ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ကျန်းမာရေး ကောင်းပေမယ့် ခရီးပန်း တဲ့ ဒဏ်ကြောင့် လေဆိပ်မှာ လာရောက်ကြိုဆိုသူတွေ ကိုထွက်ပြီး နှုတ်မဆက်နိုင်တာ လို့ နိုင်ငံ တော် အတိုင်ပင်ခံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၀ ရက်နေ့ က ရန်ကုန်မြို့ကနေ စတင်ထွက် ခွာခဲ့ပြီး လန်ဒန်မြို့မှာ သုံးရက်ကြာ နေထိုင်ကာ အမေရိကန်ပြည်ထောင်စုသို့ စက် တင်ဘာ ၁၃ရက် ညမှာ ရောက်ရှိခဲ့ ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့ ပြီး စက်တင်ဘာလ ၂၂ ရက် မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ အကြီးအကဲတွေနဲ့ တွေ့ ဆုံပြီးနောက်ပိုင်း ဆရာဝန်က အနားယူရဖို့ အကြံပေး ခဲ့ရပါတယ်။

စက်တင်ဘာ ၂၃ရက်နှင့် ၂၄ရက်တွေမှာ လုပ် တဲ့ ကုလသမဂ္ဂ အစည်းအဝေးများကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

အဲဒီနောက် ရန်ကုန်မြို့ ကို စက်တင်ဘာလ ၂၅ရက်နေ့ ညပိုင်းမှာ ပြန်လည် ရောက်ရှိ လာတာ လည်း ဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲတဲ့ ၂၀၁၂ခု နှစ်တုံးကလည်း ဆွစ်ဇာလန်ုနိင်ငံ မြို့တော် ဘန်း (Bern) သတင်းစာရှင်းလင်းပွဲမှာ စကားပြောနေစဉ် ရုတ်တရက် နေမကောင်းတာကြောင့် သူတည်းခိုတဲ့ ဟိုတယ်ပြန်ပြီး အနားယူခဲ့ရပါတယ်။

အဲဒီတုန်း ကလည်း လေယာဉ်ကို နာရီ ပေါင်းများစွာ စီးခဲ့တဲ ခရီးစဉ်တွေမှာ သူဟာ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ပိုပြီးခံရတဲ့ သဘောရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိကျန်းမာရေးလို့ မှတ်ယူထားကြောင့် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးလည်း ကျန်းမာနိုင်မှာဖြစ်တယ် ဆိုပြီး မြန်မာပြည်သူ အများ က စိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ